Videos
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တွင် နှင်းပန်းပုများဖြင့်လှပစွာထုဆစ်ပုံဖော်
ချန်ချွမ်၊ ဇန်နဝါရီ (၆) ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နှင်းပန်းပု ၂ဝဝ ကျော်အား ပုံဖော်ထုဆစ်ကာ အများပြည်သူများအားဆွဲဆောင်နိုင်ခဲ့သည်။ အဆိုပါ ပန်းပုများထဲတွင် အကြီးဆုံး ပန်းပုမှာ ၈၄ မီတာ အရှည်ရှိပြီး ၁၅ မီတာ အကျယ်ရှိကာ အမြင့် ၂၇ မီတာအထိရှိသည်။ အဆိုပါ ပန်းပုများအား အပိုင်း (၆) ခု ဖြင့်ခွဲခြားထားကာ အပိုင်း (၁) ပိုင်းစီတွင် အနုပညာလက်ရာ တစ်မျိုးစီဖြင့် ထုလုပ်ဖန်တီးထားခြင်းဖြစ်သည်။ အဆိုပါအနုပညာများထဲမှ အနုပညာလက်ရာတစ်ခုစီသည် ခေတ်ဟောင်းပိုးလမ်းမကြီး ဒေသတလျှောက်ရှိ ယဉ်ကျေးမှုများအား ဖော်ညွှန်းထားသည်ကိုလည်းမြင်တွေ့နိုင်သည်။ အဆိုပါ ပန်းပုရုပ်များထုလုပ်ရာတွင် နှင်းခဲတန်ချိန်ပေါင်း ၁သိန်းခွဲ အားအသုံးပြုပြီးထုလုပ်ထားကြောင်းသိရသည်။ (Xinhua)