Connect with us

Videos

အာရှ အခြေခံအဆောက် အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ပူးပေါင်းဆောင်ရွက်ရေး၊ ဗီဇာစနစ် လွယ်ကူချောမွေ့စေရေး တရုတ်နှင့် ဗြိတိန် ကတိပြု

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ် နှင့် ဗြိတိန် နှစ်နိုင်ငံကြား စက်မှုလုပ်ငန်း၊ ငွေကြေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဝမ်ရိ (Wang Yi) နှင့် ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဖိလစ် ဟန်မန်း (Philip Hammond ) တို့ ဇန်နဝါရီလ ၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးအပြီး ကတိပြုခဲ့ကြသည်။

ထို့ပြင် ဗီဇာစနစ် လွယ်ကူစေရေး အတူတကွ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံ အနေဖြင့် ယဉ်ကျေးမှု၊ ငွေရေးကြေးရေးနှင့် လုံခြုံရေး နယ်ပယ်များတွင် မိတ်ဖက် လုပ်ဆောင်ရေး အသေးစိတ် ဆွေးနွေးသင့်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် နျူကလီးယား စွမ်းအင်၊ မြန်နှုန်းမြင့် ရထား၊ ဇန်နဝါရီ လလယ်တွင် လုပ်ငန်း စတင်ရန် ရှိသည့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) စသည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ရှိနေကြောင်း ဝမ်က ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံအပြီး ပြုလုပ်သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ဗီဇာ စည်းမျဉ်းစည်းကမ်း ဖြေလျှော့ပေးမည့် အကြောင်းနှင့် ပတ်သက်သော အဆင့်သစ်အား ကြေညာခဲ့သည်။

ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟန်မန်းသည် တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.