Connect with us

Videos

တရုတ်ရိုးရာမျောက်နှစ်အားအထူးအလေးထားကြိုဆိုလျက်ရှိ

ပေကျင်း၊ ဇန်နဝါရီ (၁၃)ရက် (ဆင်ဟွာ)

တရုတ်ရိုးရာ ၁၂ ရာသီခွင်စက်ဝိုင်း အရ ယခုလာမည့်နှစ်သည် မျောက်နှစ်ဟုသတ်မှတ်သည်။ ထို့ကြောင့် ယခုအချိန်တွင် တရုတ်နိုင်ငံ၌ ချစ်စရာကောင်း သည့် အမွှေးထူမျောက်ကလေးများအား အထူး အာရုံစိုက်အလေးပေးလျက်ရှိပြီး မျောက်ရုပ်ကလေးများအားလည်း ကံကောင်းခြင်းလက်ဆောင်အဖြစ် အမှတ်တရ ဝယ်ယူ၊ လက်ဆောင်ပေးသူများလည်းများစွာရှိလာသည်။ တရုတ်ရိုးရာ ၁၂ ရာသီခွင်စက်ဝိုင်း တွင် တစ်ခု အပါအဝင်ဖြစ်သော မျောက် ကလေးများသည် ပါးနပ်လိမ္မာသော၊ စပ်စုတတ်သော ဓလေ့စရိုက်ရှိ ကြသလို တစ်ခါတစ်ရံတွင် ကျီစယ်တတ်သည့် စရိုက်လည်းပိုင်ဆိုင်ကြသည်။ တရုတ်လူမျိုးများသည် ၎င်းတို့၏ ရိုးရာရာသီခွင်အဖြစ်အသုံးပြုထားသော တိရစ္ဆာန် အကောင်လေးများ ၏ ဟန်ပန်များအား တစ်ကမ္ဘာလုံးနှင့် မိတ်ဆက်ပေးလိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ယခုနှစ်တွင် မျောက်ရုပ်များနှင့် ပတ်သက်သော ဒီဇိုင်းအမျိုးမျိုးအား ယှဉ်ပြိုင်ထုတ်လုပ်စေ ပြီး မျောက်ရုပ်တံဆိပ်ခေါင်း ပုံစံအမျိုးမျိုးဖြင့် ယှဉ်ပြိုင်မှုပေါင်း ၂ထောင်ကျော်ပေါ်ထွက်လာပြီဖြစ်သည်။ အနိုင်ရရှိသူ ဖန်တီးထားသော မျောက်အရုပ် အား New York Times Square တွင် တရုတ်ရိုးရာ နှစ်သစ်ကူးအချိန်၌ ပြသထားမည်ဟုသိရသည်။

ထို့အပြင် ထို တရုတ်ရိုးရာ နှစ်သစ်အား ဂုဏ်ပြုသောအားဖြင့် မျောက်ပုံစံ တံဆိပ်ခေါင်းများအား ထုတ်လုပ်ခဲ့ပြီး ထိုတံဆိပ်ခေါင်းများအား အမှတ်တရအဖြစ်ဝယ်ယူစုဆောင်းသူလည်းများပြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.