Connect with us

Videos

တရုတ်သိပ္ပံ သုတေသန သင်္ဘော မြန်မာ့ပညာရှင်များ နှင့် ပူပေါင်းဆောင်ရွက်ရန်ရောက်ရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပ္ပံ သုတေသန သင်္ဘော “ရှန်ရန်ဟုန် – ၃” (Xiang Yang Hong 03 ) က မြန်မာ နိုင်ငံရှိ ပညာရှင်များ နှင့် သုသေတန လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် အတွက် ဇန်နဝါရီ ၁၇ ရက်နေ့ က ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း သို့ရောက်ရှိ ခဲ့သည်။

တရုတ် သိပ္ပံပညာရှင် များအား ကြိုဆိုသည့် အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နိုင်ငံရေး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) ၊ “ရှန်ရန်ဟုန် – ၃” သိပ္ပံ သုတေသန သင်္ဘော ၏ ထိပ်တန်း သိပ္ပံ ပညာရှင် ပါမောက္ခ ချုံယွင် (Pro. Qiu Yun) ၊ မုံရွာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သူရဦး ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်မင်းအောင် ၊ ရေကြောင်းပညာရပ် ဆိုင်ရာ ဌာန အသီးသီးရှိ ပညာရှင်များ နှင့် သုတေသန ပူးပေါင်းဆောင်ရွက်ရန် လိုက်ပါမည့် သိပ္ပံပညာရှင် တို့တက်ရောက်ခဲ့ကြသည်။

ပါမောက္ခချုံယွင် က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယခု ဆောင်ရွက်သည့် သုတေသန လုပ်ငန်း သည် မြန်မာ့ ရေပိုင်နက် အတွင်းရှိ ပင်လယ်သမုဒ္ဒရာ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ လျှော့ချရေး နှင့် အဏ္ဏဝါ ဂေဟ စနစ် ကာကွယ်ရေး အတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်း ၊ ယခု ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ သည် အောင်မြင်မှု အပြည့်အဝ ရရှိမည် ကို ယုံကြည် ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နိုင်ငံရေး သံမှူး မစ္စတာ ရန်ဆုံကျိန်း က “ရှန်ရန်ဟုန် – ၃” သိပ္ပံ သုတေသန သင်္ဘော မြန်မာ နိုင်ငံ သို့ သုတေသန လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် ရောက်ရှိလာခြင်း သည် နှစ်နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ပူပေါင်းဆောင်ရွက်မှု အတွက် လွန်စွာ အရေးပါကြောင်း ၊ ယခု ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့်အနာဂတ် တွင် သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ တွင် ဖွံ့ဖြိုးတိုးတက်မှုများစွာ ရရှိမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်မင်းအောင် က ယခု ပူးပေါင်းဆောင်ရွက်သည့် သုတေသန လုပ်ငန်း သည် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရေး ကို ပိုမို တိုးတက်ခိုင်မာစေမည် ဖြစ်ပြီး ပင်လယ် သမုဒ္ဒရာ နှင့် ပတ်သက်၍ နှစ်နိုင်ငံ အကြား အပြန်အလှန်ဖလှယ်မှု ကို တိုးမြှင့်ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ၊ သုတေသန လုပ်ငန်း နှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ဘက်မှ လိုအပ်ချက်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မုံရွာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သူရဦး က ယခု ပူးပေါင်းဆောင်ရွက်သည့် သုတေသန လုပ်ငန်း သည် မြန်မာ သုတေသီ များအတွက် အတွေ့အကြုံ အသစ် တစ်ခု သာမက သုတေသန လုပ်ငန်း ဆောင်ရွက်ရာတွင် အသိပညာ ဗဟုသုတ နှင့် နည်းပညာ များကိုလည်း ရရှိစေမည် ဖြစ်ကြောင်း ၊ သုတေသန ကာလ အတွင်း ရုပ်ပိုင်း နှင့် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ကို စောင့်ရှောက်ပေး သည့် သဘောၤပေါ်ရှိ ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ကြောင်း ၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အတွက် မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် အလေးထား တန်ဖိုးထားကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရှင် တို့က ရေကြောင်း သိပ္ပံ နှင့် နည်းပညာ ဆိုင်ရာ အတွေ့အကြုံ များ နှင့် သဘောထား အမြင်များကို ဖလှယ် ခဲ့ကြပြီး တရုတ် နိုင်ငံ “ရှန်ရန်ဟုန် – ၃” သိပ္ပံ သုတေသန သင်္ဘော ကို လိုက်လံကြည့်ရှုလေ့လာ ခဲ့ကြသည်။

ယခု အကြိမ် ပူးပေါင်းဆောင်ရွက်သည့် သုတေသန လုပ်ငန်း သည် တရုတ် နိုင်ငံ အမျိုးသား ရေကြောင်း အမှတ်(၃) သုတေသန စင်တာ မှ ထိပ်တန်း သိပ္ပံပညာရှင် ပါမောက္ခ ချုံယွင် ဦးဆောင်သည့် သုတေသန လုပ်ငန်း တစ်ခု ဖြစ်ပြီး လက်တွေ့လေ့လာမှု ၊ စာရင်း ကိန်းဂဏန်း များဖြင့် သုံးသပ်မှု နှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်မှု တို့ဖြင့် ယခင် အချက်အလက်များ နှင့် သုတေသန ရလဒ် များအား ပေါင်းစပ် ကာ အရှေ့အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ပင်လယ်ပြင် နှင့် ပုံမှန် ရာသီဥတုအခြေအနေ တို့၏ အခြေခံ အချက်အလက် များကို စုဆောင်း နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြောင်း သမုဒ္ဒရာ တွင် ဖြစ်ပွားလာမည့် သဘာဝဘေးအန္တရာယ် ကို ကာကွယ်လျှော့ချ ရန် နှင့် အိန္ဒိယ သမုဒ္ဒရာ နှင့် ပတ်သက်၍ နည်းပညာ အထောက်အပံ့ ပိုမို ရရှိနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သည့် သုတေသန အစီအစဉ် သို့ မြန်မာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာန တို့ မှ ပညာရှင် ကိုယ်စားလှယ် ၅ ဦး တို့က ဇန်နဝါရီ ၁၇ ရက်နေ့ မှ ၂၁ ရက်နေ့ အထိ ပြုလုပ်မည့် ပူးပေါင်း သုတေသန လုပ်ငန်းတွင် ပါဝင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.