Connect with us

Videos

နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး နှင့် ဆက်ဆံရေးတိုးတက်ခိုင်မာအောင် တရုတ်-မြန်မာ နှစ်နိုင်ငံ ကတိပြု

နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲစကားဝိုင်းသစ် တစ်ခုကို ဇန်နဝါရီလ ၁၇ ရက်တွင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်၍ နီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်သွားရန် ၊ အနာဂတ်နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် ဆွေးနွေး ကတိပြုခဲ့ကြသည်။

ဆွေးနွေးပွဲများအား ပူးတွဲသဘာပတိများအဖြစ် တရုတ်နိုင်ငံဘက်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာခုန်ရွှယ်ယို့(Kong Xuanyou) ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ် ရှောင်ယွမ်မင်း (Shao Yuanming) နှင့် မြန်မာနိုင်ငံဘက်မှ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တို့က ဆောင်ရွက်ခဲ့ကြသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် မကြာခဏ အပြန်အလှန်ဖလှယ်မှုများကို ထိန်းသိမ်းခဲ့ကြပြီး ခေတ်သစ်တွင် ကဏ္ဍအားလုံး၌ မဟာဗျူဟာမြောက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်အောင် အရေးပါစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ယင်းမှာ နှစ်ဘက်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် လျင်လျင်မြန်မြန် ဖြစ်ပေါ်တိုးတက်မှုအသစ်ကို ဆောင်ကြဉ်းပေးခဲ့ကြောင်း နှစ်ဖက်ဆွေးနွေးရေးအဖွဲ့ဝင်များက မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ်-မြန်မာဆက်ဆံရေး တိုးတက်မှု အရှိန်အဟုန်ကောင်းအား ထိန်းသိမ်းခဲ့သည်ကို မီးမောင်းထိုးပြခဲ့ပြီး ၊ နှစ်ဖက်အဖွဲ့ဝင်များက ၎င်းတို့၏ ခေါင်းဆောင်များ ချမှတ်ခဲ့သော လုပ်ငန်းစဉ်များကို ကောင်းစွာ အကောင်အထည်ဖော်နိုင်ရန် ကတိပြုခဲ့ကြသလို တရုတ်မြန်မာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် အမြင့်တစ်နေရာထိ ဆွဲတင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များလည်း အပြန်အလှန်ဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေတည်ငြိမ်ရေးကို သင့်တင့်ကောင်းမွန်စွာ စီမံဆောင်ရွက်သွားရန် နှင့် နယ်စပ်ဒေသတည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးသည် တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေချောမွေ့စွာတိုးတက်စေရန် အလွန်အရေးကြီးကြောင်း နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ နှစ်နိုင်ငံ အပြန်အလှန်ဖလှယ်မှုယန္တယားများတွင် သံတမန်ရေးရာကဏ္ဍ ၊ စစ်တပ် နှင့် ပြည်သူလုံခြုံရေးအပါအဝင် ဒေသဆိုင်ရာ အစိုးရအထိ ကောင်းမွန်စွာ လုပ်ဆောင်သွားရန် ၊ မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေများအပေါ် ပူးပေါင်းဆောင်ရွက်မှု နှင့် ထောက်ခံအားပေးမှုကို ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြသည်။

၎င်းတို့က မြန်မာ နှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ အရေးပါသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ပါအဝင် တရုတ်နိုင်ငံ၏ အဖွဲ့အစည်းများ နှင့် ပြည်သူ့လုံခြုံရေး အတွက် နယ်စပ်ဒေသတည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးကို ပူးတွဲ ဆောင်ရွက်သွားရန်လည်း ကတိပြုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် ပိုင်နက်နယ်မြေကို တရုတ်နိုင်ငံက လေးစားပါကြောင်း နှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အားပေးထောက်ခံကြောင်း ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် “ ပင်လုံစိတ်ဓာတ်” ဖြင့် လုပ်ဆောင်ကြရန် ပြောကြားလိုကြောင်း နှင့် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအရာရှိများက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ကူညီမှုအား ချီးကျူးဂုဏ်ပြုပါကြောင်း မြန်မာအစိုးရအရာရှိများက ပြောကြားခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံနှင့်အတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ လုံခြုံစွာ နှင့် အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ကတိပြုပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် မြန်မာ-တရုတ် စီးပွားရေးစြင်္က ံတည်ဆောက်ရေး ကနဦးအကောင်အထည်ဖော်မှုများကို ရှေ့ဆက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

နှစ်ဖက်အဖွဲ့ဝင်များသည် လာမည့်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.