Connect with us

Videos

တရုတ်သံအမတ်ကြီးမှ နှစ်နိုင်ငံနယ်စပ်အနီးပစ်ခတ်မှုများကို အမြန်ဆုံးထိန်းချုပ်ရန်ပြောကြား

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်း နှင့် မြန်မာနိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ နှင့် သက်ဆိုင်ရာအရာရှိများ၊ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း နှင့် မြန်မာနိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း မှ ဥက္ကဋ္ဌ နှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ အမှာစကားပြောကြားရာတွင် တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် ၊ နှစ်နိုင်ငံ နယ်စပ် အနီး ဖြစ်ပွားသည့် ပစ်ခတ်မှု များ နှင့် ပတ်သက်၍ အဘက်ဘက် က ထိန်းချုပ်ပြီး ပစ်ခတ်မှုအား အမြန်ဆုံးရပ်စဲရန် နှင့် တရုတ် နိုင်ငံ အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးပြီး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အမြန် ပြန်လည်ရရှိစေလိုကြောင်း စသဖြင့်တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌ ဦးသစ္စာ မှ အသင်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်ကို ယခုကဲ့သို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လွှီတယ်ရှင်း ( Lv Dexing ) ကလည်း ယခု ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းကြောင့်တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သည် အကြား ပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ကို တွန်းအားပေးရာရောက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က လည်း မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေး နှင့်လူမှုရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားရန် ယခုကဲ့သို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.