Videos
တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ နှင့်တွေ့ဆုံ
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)
တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် သြဂုတ် ၁၃ ရက်နေ့ နံနက် ၁၁ နာရီ တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရရုံး သို့ သွားရောက် ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးမှု များ ပြုလုပ် ခဲ့သည်။
ထို့အပြင် မစ္စတာဆုန့်ထောင်းသည် ရန်ကုန် မြို့ရှိ NLD ရုံးချုပ် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦး ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း အပါအဝင် NLD ပါတီ ခေါင်းဆောင် များနှင့်တွေ့ဆုံပြီး ပါတီ နှစ်ခု၏ ဆက်ဆံရေး နှင့် ပတ်သက် သည့် အကြောင်း အရာ များကို ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား ပါတီ ခေါင်းဆောင်များ ဖြစ်ကြသော ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တို့နှင့် လည်းဆက်လက် တွေ့ဆုံ ခဲ့ပါသည်။ ယခု ကဲ့သို့ မြန်မာနိုင်ငံရှိ ပါတီ များနှင့် တွေ့ဆုံ ရခြင်းမှာ အပြန်အလှန် ရင်းနှီးမှုနှင့် နားလည်မှု တိုးမြင့် စေရန် ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်နိုင်ရန် အတွက် တွန်းအားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)