Connect with us

Videos

တရုတ်-မြန်မာရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြပြီး တရုတ်နိုင်ငံကို နာမည်ဖျက်ရန်ကြိုးပမ်းသည့် အမေရိကန်၏ လုပ်ရပ်မှာ အောင်မြင်နိုင်မည်မဟုတ်ဟုဆို (ရုပ်သံ)

ရန်ကုန် ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

 

အမေရိကန်နိုင်ငံက တရုတ်မြန်မာရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြပြီး တရုတ်နိုင်ငံကို နာမည်ဖျက်ရန်ကြိုးပမ်းမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ George N. Sibley ဇူလိုင် ၁၈ ရက်တွင် မြန်မာနိုင်ငံ ဆောင်းပါးဖော်ပြခဲ့မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ပယ်ချကြောင်း ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူကအမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အကူအညီမည်မျှထောက်ပံ့ပေးခဲ့ပါသလဲ။ COVID-19 ကာလအတွင်း၌ အမေရိကန်က မြန်မာနိုင်ငံထံ ထောက်ပံ့ကူညီမှုများပေးအပ်မည်ဟု ကြိမ်ဖန်များစွာကြေညာခဲ့သော်လည်း ယင်းတို့သည်အကောင်အထည်မဖော်သည့်ကတိစကားများသာဖြစ်ကြောင်း အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွက် နှာခေါင်းစည်းဘယ်နှခု၊ စမ်းသပ်ကိရိယာဘယ်နှစုံ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ဘယ်နှစုံ လှူဒါန်းပေးခဲ့ပါသလဲ။ တရုတ်နိုင်ငံကအမြဲတစေ မြန်မာနိုင်ငံနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ စေတနာစိတ်ရင်းအမှန်ဖြင့် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကူညီပေးခဲ့ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ အချို့သူများက တရုတ်မြန်မာဆက်ဆံရေးကို ကဲ့ရဲ့သွေးခွဲသည့် လုပ်ရပ်သည် အချည်းနှီးသာဖြစ်ပြီး အောင်မြင်မည်မဟုတ်ကြောင်း မိမိတို့သည် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူတကွလက်တွဲကာ တရုတ်မြန်မာရွှေလမ်းငွေလမ်းပေါ်တွင် လျှောက်လှမ်းပြီး ခေတ်သစ်တရုတ်မြန်မာချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူဖွင့်လှစ်ရေးသားသွားမည်ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။ 


တရုတ်နိုင်ငံအစိုးရ၊ တပ်မတော်၊ ကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့အစည်းများက မြန်မာနိုင်ငံထံ စမ်းသပ်စစ်ဆေးရေးပစ္စည်း သိန်းကျော်၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) အစုံရေ သောင်းနီးပါး နှာခေါင်းစည်းအခုရေ ၆၅ သိန်းကျော်နှင့် အသက်ရှူစက် ၃၅ လုံးအပါအဝင် ရောဂါတိုက်ဖျက်ပစ္စည်းများကို အသုတ်များစွာပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ဆေးဖက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စေလွှတ်ပြီး ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေကာ မြန်မာနိုင်ငံရဲ့ရောဂါကာကွယ်ထိန်းချုပ်ရေးစွမ်းရည်နှင့် အရည်အချင်းတိုးမြှင့်ရေးအတွက် ကူညီပေးခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.