Connect with us

Videos

အမေရိကန်နိုင်ငံ၏ “နိုင်ငံရေးဗိုင်းရပ်စ်” က တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေခဲ့

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်တွင် အမေရိကန်နိုင်ငံရေးသမားများက လိမ်လည်လှည့်ဖျားခြင်းနှင့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အပြစ်ဖို့ခြင်းအားဖြင့် တရုတ်- အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိခိုက်ပျက်ပြားစေခဲ့သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်မှုနှင့် သေဆုံးမှုနှုန်းမှာ အမေရိကန်နိုင်ငံက အမြင့်ဆုံးတွင် ရောက်ရှိနေသည်။ သို့ရာတွင် အမေရိကန် နိုင်ငံရေးသမားများက လိမ်လည်လှည့်ဖျားခြင်းနှင့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အပြစ်ဖို့နေဆဲဖြစ်သည် ။ ၎င်းတို့က တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ကပ်ရောဂါဆိုင်ရာတုံ့ပြန်မှုများကို တိုက်ခိုက်ကြသည့် အပြင် ဗိုင်းရပ်စ်၏ ဇစ်မြစ်ကို ချဲ့ကားပြောဆိုနေကြသည်။ အလိမ်အညာများကို ထောင်သောင်းမက ထပ်တလဲလဲ ပြောဆိုနေသော်လည်း အလိမ်အညာက အလိမ်အညာပင်ဖြစ်ချေလိမ့်မည်။

တရုတ်နိုင်ငံက ဗိုင်းရပ်စ်ကူးစက်ခံရပြီးလအနည်းငယ်အတွင်း အောင်မြင်စွာ တိုက်ဖျက်နိုင်ခဲ့သည်မှာ ငြင်းနိုင်ဖွယ်မရှိချေ။ မကြာသေးမီက တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ကူးစက်ရောဂါ ရှာဖွေစစ်ဆေးရေးတွင်လျင်မြန်တိကျစွာဆောင်ရွက်နိုင်မည့်အစီအမံများကိုဆောင်ရွက်ခဲ့သည်။

ဝါရှင်တန်အခြေစိုက် တရုတ်အမေရိကန်လေ့လာရေးအင်စတီကျူမှ အကြီးတန်းပညာရှင် ဆူရွတ်ဂုပ္ပတား က “ အမေရိကန်ပြည်ထောင်စုက COVID-19 ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ တော်တော်ကို အခြေအနေ ဆိုးဝါးပါတယ် ပြီးတော့ထရန့်အစိုးရအဖွဲ့အနေနဲ့ သူတို့ရဲ့ အပြစ်တွေကိုဖုံးဖိထားသလို အပြစ်တွေ ဆက်လုပ်ပြီးတော့ တရုတ်နိုင်ငံအပေါ် လွယ်လွယ်ကူကူပဲ အပြစ်ဖို့ ပါတယ်” ဟုဆိုသည်။

လန်ဒန်မြို့တော်ဝန်၏ စီးပွားရေးနှင့် စီးပွါးရေးလုပ်ငန်းမူဝါဒရေးရာ ညွှန်ကြားရေးမှူးဟောင်း ဂျွန်ရော့စ် က “သူတို့ဟာ လူထုကို မကာကွယ်နိုင်ပါဘူး ဒါဟာ တကယ်ကို ကွာခြားလွန်းလှပါတယ် တရုတ်နိုင်ငံကို တိုက်ခိုက်နေရုံနဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်တစ်လေရဲ့ အသက်ကိုတောင် မှ ကယ်နိုင်မှာမဟုတ်ဘူး ဘယ်သူ့ကိုမှ ကယ်နိုင်မှာမဟုတ်ပါဘူး တရုတ်နိုင်ငံကို တိုက်ခိုက်နေရင်းပဲ အမေရိကန်နိုင်ငံသားတွေရဲ့ အသက်တွေကို စတေးရတော့မှာပါ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံကို တိုက်ခိုက်မှု တစ်ခုချင်းစီဟာ တရုတ်နိုင်ငံ ရဲ့ သင်ခန်းစာတွေကို သူတို့ဖက်က လေ့လာမှုမရှိဘူးဆိုတဲ့အဓိပ္ပါယ်သက်ရောက်လို့ပါပဲ” ဟုဆိုသည်။ 

အမေရိကန်နိုင်ငံရေးသမားများ၏ အပြစ်ပုံချခြင်းလုပ်ရပ်သည် ၎င်းတို့၏ မပြည့်စုံသည့် ဆောင်ရွက်ချက်များကို ဖုံးဖိရန် စဉ်းလဲ သော ကြိုးပမ်းချက်မျှသာဖြစ်သည်။

ထိုသို့ဖုံးကွယ်လိမ်ညာခြင်းက တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေသည်။WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့ က “အမျိုးသားအဆင့် စည်းလုံးညီညွတ်မှုကိုပြသကြပါ၊ နိုင်ငံရေးအရောင်မဆိုးပါနှင့်၊ COVID ကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့မကြိုးစားကြပါနဲ့၊ ဒါဟာမလိုအပ်ပါဘူး၊ ခင်ဗျားတို့မှာ ခင်ဗျားတို့အရည်အချင်းတွေကို သက်သေပြဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်၊ ဒီတစ်ခုကိုတော့ နိုင်ငံရေးအတွက်အသုံးမချပါနဲ့ ဒါဟာ မီးနဲ့ကစားနေသလိုပါပဲ၊ ဒါကြောင့် အရင်ကထက် အခုလိုအချိန်မှာ အမျိုးသားစည်းလုံးညီညွတ်မှုက အင်မတန်မှ အရေးကြီးလှပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.