Connect with us

Videos

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်များဖွင့်လှစ်

ကလေး၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်အား စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးမြို့နယ်ရှိ အခြေခံ ပညာ အလယ်တန်းကျောင်း(ခွဲ) နန်ကျင်းဆောင်ကျေးရွာ၌ လည်းကောင်း၊ စတုတ္ထမြောက်စာသင်ကျောင်းဆောင် ဖွင့်ပွဲ နှင့် ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ကလေးမြို့နယ်ရှိ သဖန်းအိုင် ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် လည်းကောင်း နိုဝင်ဘာ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။

ယခု အခါ တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများအား ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၌ ၁ ကျောင်း ၊ မကွေးတိုင်း ဒေသကြီး ၊ ပွင့်ဖြူမြို့နယ် တွင် ၁ ကျောင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ကျောင်း စုစုပေါင်း ၄ ကျောင်း အထိ ဖွင့်လှစ် ပြီးစီးခဲ့ပြီး နှစ်ကုန်ပိုင်းတွင် စာသင်ကျောင်းဆောင် ၆ ကျောင်း ဆောက်လုပ်ပြီးစီးရန် ရည်ရွယ်ထားကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်များလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူး Mr.ZHU Jisi က တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း စီမံကိန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ မြန်မာနိုင်ငံတွင် လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ၊ ပြောင်းလဲမှုများ နှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော စီမံကိန်း ဖြစ်ကြောင်း ၊ စာသင်ကျောင်းများ အကောင်အထည် ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကို တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးပေါင်း လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သော ပညာရေး စီမံကိန်း ဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနမှ တရုတ်သံရုံးကို ကူညီအားပေးမှုများ ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.