Connect with us

Videos

အစ္စရေး၌ တောမီးမုန်တိုင်း လောင်ကျွမ်း ဝိုင်းဝန်းငြှိမ်းသတ်ရန်အိမ်းနီးချင်းနိုင်ငံများကို အကူအညီတောင်းခံခဲ့ရ

နီကိုရှား ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ အလယ်ပိုင်း ၊ မြောက်ပိုင်း နှင့် အနောက်ဖက်ကမ်းဒေသတို့တွင် နိုဝင်ဘာလ ၂၁ ရက်က စတင် လောင်ကျွမ်းသော မီးမုန်တိုင်းသည် နေအိမ်ပေါင်းများစွာကို ဝါးမျိုသွားပြီဖြစ်ကြောင်း ၊ အစ္စရေးမီးသတ်တပ်ဖွဲ့အနေဖြင့် စတင်လောင်ကျွမ်းခဲ့သော မီးမုန်တိုင်းကို ငြိမ်းသတ်ရန် လေပြင်းတိုက်ခတ်နေသဖြင့် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ခြင်းတို့ကြောင့် အစ္စရေးဝန်ကြီးချုပ်သည် အိမ်းနီးချင်းနိုင်ငံများကို အကူအညီတောင်းခံခဲ့ကြောင်းသိရသည်။အစ္စရေးတောမီးမုန်တိုင်းကို ကူညီငြှိမ်းသတ်ပေးရန် ရုရှားနိုင်ငံသည် B-200 လေယာဉ် နှစ်စင်းပို့ဆောင်ပေးမည်ဖြစ်ကြောင်း နှင့် လေယာဉ်တစ်စင်းလျှင် ရေလီတာ ၁၃,ဝဝဝ သယ်ဆောင်နိုင်ကြောင်း နှင့် မီးဆွယ်ချိုးပေးနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ပူတင်က နက်တန်ယာဟု အားပြောကြားခဲ့သည်။ထို့ပြင် အစ္စရေးနိုင်ငံက ခရိုအေးရှား၊ ဂရိ ၊ ဆိုက်ပရက်စ် နှင့် အီတလီနိုင်ငံတို့ကိုလည်း မီးသတ်လေယာဉ်များ ပို့ဆောင်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.