Connect with us

Videos

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမို တိုးမြှင့်

ရန်ကုန် ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ယခင်ထက် ပိုမို တိုးမြှင့်အောင် ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ကြောင်း မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Sule Shangrila Hotel တွင် ကျင်းပ ပြုလုပ်ခဲ့သော “ဖူကျန့်(တရုတ်)ရက်သတ္တပတ် ဖွင့်ပွဲ နှင့် စီးပွားရေး ၊ ကူးသန်းရောင်းဝယ်ရေး နှင့် ခရီးသွား လုပ်ငန်း ဆိုင်ရာ မြှင့်တင်ခြင်း နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း” အခမ်းအနားတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဦးဇော်မင်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့သော အခမ်းအနား ကို မြန်မာ နိုင်ငံ တွင် လာရောက်ကျင်းပပြုလုပ်ခြင်းသည် နှစ်နိုင်ငံ စီးပွားရေး နှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေး ၊ တရုတ် နိုင်ငံ ဖူကျန့်ပြည်နယ် နှင့် မြန်မာ နိုင်ငံ အကြား ဆက်ဆံရေး ခိုင်မာစေရေး အတွက် အလွန်အကျိုးရှိသောကြောင့်ဖြစ်ကြောင်း နှစ်ဖက်အကျိုးဖြစ်ထွန်းစေသည့် အပြန်အလှန် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ယခင်ထက် ပိုမို တိုးမြှင့်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဖူကျန့်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပဆက်ဆံရေး ဌာန မှ ဒုတိယ ဌာနမှူး လီဟုန် က ပြောကြားရာတွင် ယခုကဲ့သို့သော အခမ်းအနား ကျင်းပခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိုတိုးမြှင့်ပြီး နှစ်နိုင်ငံ မိတ်ဆွေချစ်ကြည်ပူးပေါင်းဆက်ဆံရေး ကို ပိုမိုခိုင်မာစေလိုကြောင်း ၊ ယခု အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ် နိုင်ငံ ဖူကျန့်ပြည်နယ် နှင့် မြန်မာ နိုင်ငံ အကြား ကုန်သွယ်ရေး ၊ စီးပွားရေး နှင့် ခရီးသွားလာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်နိုင်စေရန် အတွက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တော်ဝန် ဒေါက်တာ ဦးမောင်မောင်စိုးက ယခုပွဲသည် နိုင်ငံခြား ကုမ္ပဏီများ နှင့် ပြည်တွင်း ကုမ္ပဏီများ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်စေရန် အတွက် အခွင့်အလမ်းများ ဖန်တီးပေးသည့် ပွဲဖြစ်ကြောင်း ၊ ထို့ကြောင့် ရရှိလာသည့် အခွင့်အရေးကို အရယူပြီး လက်တွေ့ လုပ်ငန်းပူးပေါင်း အကောင်အထည် ဖော်နိုင်ကြသည့် အထိ ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနားသို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး သံမှူး ရန်ဆုံကျိန်း ၊ ဖူကျန့်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပဆက်ဆံရေး ဌာန မှ ဒုတိယ ဌာနမှူး လီဟုန် ၊ နန်ဖိန် မြို့ ဒုတိယ မြို့တော်ဝန် လော်အိမ်းဖိန် ၊ ကျင့်ကျန်း မြို့ ဒုတိယ မြို့တော်ဝန် ကျွန်းထျန်ဟိုင် ၊ ရန်ကုန် မြို့တော်ဝန် ဒေါက်တာ ဦးမောင်မောင်စိုး ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှဝန်ကြီး ဦးဇော်အေးမောင် ၊ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း ၊ မြန်မာ-တရုတ် ပူးပေါင်းဖလှယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသစ္စာ နှင့် နှစ်နိုင်ငံ ကဏ္ဍအသီးသီး မှ စီးပွားလုပ်ငန်း ဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၁၉၀ ဦးခန့်တက်ရောက် ခဲ့ကြသည်။

ထိုအခမ်းအနားတွင် တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်း မှ ကိုယ်စားလှယ် အသီးသီး တို့က လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ကြကာ နှစ်နိုင်ငံ ကဏ္ဍ အသီးသီး မှ စီးပွားရေး လုပ်ငန်းရှင်များက အချင်းချင်း ဆွေးနွေးမှု များပြုလုပ် ခဲ့ကြကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.