Connect with us

Videos

ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က သဝဏ်လွှာ ပေးပို့ခဲ့

ရန်ကုန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

မတ်လ ၁၈ ရက်နေ့တွင်ကျင်းပသော၂၀၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် ရုပ်ရှင်လောကသားများအပါအဝင် စာပေ၊ ဂီတ၊ သဘင်၊ သုခုမ အနုပညာရှင်များအားလုံး အနေဖြင့် ပြည်သူများလိုလားတောင့်တနေသည့် ငြိမ်းချမ်းရေး၊ညီညွတ်ရေး နှင့် တိုးတက်ရေးကို ဝန်းရံပေးကြရန် ၊ ပြည်သူများ အကြားတွင် မေတ္တာတရားများ တိုးတက် ဖြစ်ပေါ်လာအောင် ၊အပတ်တကုတ် ကြိုးစားလိုစိတ်များ တိုးပွား လာအောင် ၊ နိုင်ငံတကာကို ရင်ဘောင်တန်း နိုင်အောင် တတ်နိုင်သည့် ဘက်မှ ပံ့ပိုး ကူညီပေးကြရန် တိုက်တွန်းခဲ့သည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးအဖြစ်ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားအား အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူ ၊ ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် ၊ မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ နာယက ဖြစ်သူ စည်သူ ဦးဘိုကလေး တင့်အောင် နှင့် ဥက္ကဋ္ဌ ဖြစ်သူ ဦးလူမင်း တို့က ဖွင့်လှစ် ပေးခဲ့သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီစာရင်းဝင် ဇာတ်ကားပေါင်း ၃၃ ကားအထိ ရှိခဲ့ရာအကောင်းဆုံး ရုပ်ရှင်အထူးဆု အပါအဝင် ရုပ်ရုင်ဇာတ်ကား ၇ ကားမှ ထူးချွန်ဆု ၁၀ ဆု ပေးအပ် ချီးမြှင့်ခဲ့သည်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအဖြစ် အုတ်ကြား မြက်ပေါက် ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အား ထွန်းထွန်း (examplez) ၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအား သက်မွန်မြင့်၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အား လူမင်း တို့ရရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.