Videos
တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးထူထောင်သည့်နှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ ဂုဏ်ပြု ရုပ်သံ
ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)
ယနေ့ ဇွန်လ ၈ ရက် သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးထူထောင်သည့်နှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ တို့သည် ချစ်ကြည်ရင်းနှီးစွာကူးလူး ဆက်ဆံလာခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ခေတ်သစ်တွင် နှစ်နိုင်ငံချစ်ကြည်ဆက်ဆံရေး သံတမန်လမ်းကြောင်း သည်လည်း ပိုမိုကျယ်ပြန့်လာသည့်အားလျော်စွာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများစွာကိုလည်း ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်။ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးထူထောင်သည့်နှစ် ၇၀ ပြည့်အထိမ်းအမှတ် ကာလကို တရုတ်မြန်မာနှစ်နိုင်ငံခေါင်းဆောင်များကလည်း အထူးအလေးထားခဲ့ပြီး၂၀၂၀ပြည့်နှစ် နှစ်ဦးပိုင်းတွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်အနေဖြင့် ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ခဲ့ကာ ချစ်ကြည်ရေးကိုအဓွန့်ရှည်တည်တံ့စေခဲ့သည်။ ယခု video မှာ နှစ်နိုင်ငံသံတမန်ချစ်ကြည် ဆက်ဆံရေးကို ဂုဏ်ပြု တင်ဆက်ထားသည့် ရုပ်သံ video ဖြစ်ပြီး ဆင်ဟွာသတင်းဋ္ဌာနမှ စီစဉ်တင်ဆက်ထားပါသည်။ (Xinhua)