Connect with us

Videos

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာပြီး  ချစ်ကြည်ရေး ပိုမိုခိုင်မာလာ 

“တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့်ဂုဏ်ပြုရုပ်သံ”

ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ပြည့်မြောက်ခဲ့ပါပြီ။ နှစ်နိုင်ငံအနေဖြင့် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်မှုမှတဆင့် အနာဂတ်တွင် ပိုမို ကောင်းမွန်သော ဆက်ဆံရေးရရှိစေမည်ဟု တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များက သုံးသပ်ရှုမြင်ထောက်ခံခဲ့ကြသည်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် ရှေးပဝေသဏီကပင် စတင်တည်ရှိခဲ့ပြီး ၁၉၅၀ ပြည့်နှစ် ဇွန် ၈ ရက်သည် သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့် မင်္ဂလာရက်မြတ်ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၇၀ တိုင် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ 

သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်(၇၀)အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက်ကို အဆိုပြု၍ လက်တွေ့ ကျင့်သုံးခဲ့ကြရာ လက်ရှိအချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ပိုမို ခိုင်မြဲလာခဲ့သလို အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း ပိုမိုနက်ရှိုင်းလာခဲ့ပြီး  ချစ်ကြည်ရေးမှာလည်း ပိုမို ခိုင်မာ လာခဲ့သည်ဟု ဆိုရပေမည် ။ 

 ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ချိန်၌ နိုင်ငံရေးစနစ် ကျင့်သုံးသည့် မတူညီသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထူထောင်ခြင်းကို ပထမဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။  ၁၉၅၀ ပြည့်နှစ် ဇွန် ၈ ရက်တွင် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ရာ ယနေ့၂၀၂၀ ပြည့်နှစ် ဇွန် ၈ ရက်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၇၀ တင်းတင်း ပြည့်မြောက်သည့်  မင်္ဂလာရက်မြတ် နေ့ထူးနေ့မြတ်အခါသမယပင် ဖြစ်ပေတော့သည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.