Connect with us

Videos

တရုတ်-လာအို ရထားလမ်းဥမင် နယ်စပ် မြေတူးခြင်းလုပ်ငန်း ပြီးစီး(ရုပ်သံ)

ဗီယင်ကျန်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ မြောက်ပိုင်းမှ တရုတ်နိုင်ငံ နယ်စပ် ချစ်ကြည်ရေးဥမင်တစ်လျှောက် မြေတူးခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း China Railway No.2 Engineering (CREC-2) က ဆင်ဟွာသတင်းဌာနသို့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လပေါင်း ၃၇ လကြာ ခက်ခက်ခဲခဲလုပ်ကိုင်ပြီးနောက် တရုတ်-လာအို ချစ်ကြည်ရေးရထားလမ်းဥမင်သည် မေ ၂၀ ရက်တွင် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ ၃၇၀ ကီလိုမီတာခန့်အကွာ၊ Boten မြို့မှ တရုတ်နိုင်ငံ နယ်စပ်အထိ ထွင်းဖောက်သွားခဲ့ပြီဖြစ်သည်။ တရုတ်-လာအို ချစ်ကြည်ရေးရထားလမ်းဥမင်ကို လာအို-တရုတ်နယ်စပ်တစ်လျှောက် ချိတ်ဆက်ထားခြင်းဖြစ်ပြီး China Railway Eryuan Engineering Group က ပုံစံထုတ်ထားကာ CREC-2 က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဥမင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည့် ရထားလမ်းတည်ဆောက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် တည်ရှိမည်ဖြစ်သည်။

အဆိုပါ ချစ်ကြည်ရေးဥမင်သည် လာအိုနိုင်ငံ မြောက်ပိုင်း၌ တည်ရှိကာ အရှည်အားဖြင့် ၉,၉၅၉ မီတာရှိပြီး လာအိုဘက်အခြမ်းတွင် ၂,၄၂၅ မီတာရှိကြောင်း နှင့် မြေအောက် အနက် ၂၄၃ မီတာထိ  ဖောက်လုပ်ထားကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.