Connect with us

Videos

တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ” ပွဲတော်

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော် ဖြစ်သော “သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော်အား ဇန်နဝါရီ ၂၅ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း ၌ ကျင်းပခဲ့ကြောင်း သိရသည်။ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က “ယခုလို တိုင်းရင်းသားများ ပါဝင်တဲ့ ပွဲတော်များ ကျင်းပခြင်းကြောင့် တိုင်းရင်းသားများ အချင်းချင်း တစ်ဦးနဲ့ တစ်ဦး မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ များကို ပိုမို သိရှိ နားလည်လာကြပြီး ရင်းနှီး ချစ်ကြည်မှုများ ရရှိလာနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က “ဒီပွဲဟာ အင်မတန်မှ မြန်မာနိုင်ငံ အတွက် တန်ဖိုးရှိတဲ့ ပွဲ ဖြစ်ပါတယ်။တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ၊ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးမည့် ပလက်ဖောင်းကြီး တစ်ခု ဖြစ်ပါတယ်။ဒီပွဲမှာ တိုင်းရင်းသား အချင်းချင်း တစ်ယောက်ရဲ့ယဉ်ကျေးမှုကို တစ်ယောက် လေ့လာ တွေ့ရှိနိုင်ပါတယ်။တစ်ယောက် ဖွံ့ဖြိုးရေးကို တစ်ယောက် ဝိုင်းဝန်း ကူညီချင်း အားဖြင့် ငြိမ်းချမ်းရေးကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆတ် က “နောက်နှစ်မှာ ဒီနေ့ လက်နက် ကိုင်နေတဲ့ အဖွဲ့တွေ အားလုံး ဒီပွဲကို ပါဝင် တက်ရောက်ပေးပါ။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။“သွေးချင်း တို့ရဲ ့ပွဲတော်ဆီ ” ပွဲတော်တွင် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု အက ၊ အလှ တေးသီချင်း ဖျော်ဖြေမှုများ ၊ တိုင်းရင်းသားများ၏ နေထိုင်မှုများ ၊ အသုံးအဆောင်များအား ပြသမည့် ယဉ်ကျေးမှု ပြခန်းများ ၊ ဒေသ အသီးသီးမှ တိုင်းရင်းသား ရိုးရာ အစားအစာများ ၊ ရိုးရာ ဝတ်စုံများ နှင့် ထွက်ကုန် ပစ္စည်းများ ရောင်းချမည့် ဈေးဆိုင်တန်းများ ပြသထားကြောင်း သိရသည်။

ပွဲတော် ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ရာ ဒေသနှင့် ရိုးရာ အဆောက် အအုံများ၊ ဒေသအသီးသီး၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိတ်ဝင်စားဖွယ်ရာများကို လေ့လာနိုင်ရန် ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကိုသိရှိ နိုင်ရန်နှင့် ဒေသထုတ်ကုန်များ၊ တိုင်းရင်းသား ရိုးရာအဝတ် အထည်များအား ပိုမိုစိတ်ဝင်စားလာရန်၊ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းစုနှင့် လုပ်ငန်းရှင်များအကြား ပိုမို ထိတွေ့ရင်းနှီးလာပြီး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အထောက် အကူပြုသွားနိုင်ရန် ဖြစ်ကြောင်း သိရသည်။ပွဲတော်အား မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက် အထိ ဝင်ကြေး အခမဲ့ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)





Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.