Connect with us

Videos

ကမ္ဘာ့အရှည်ဆုံးပင်လယ်ဖြတ်ကူးတံတားကြီးတွင် သဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိစေရန် စီမံဆောင်ရွက်ထား

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် အောက်တိုဘာလ အတွင်း က စတင်ဖွင့်လှစ်ခဲ့သည့် ကမ္ဘာ့အရှည်ဆုံး ဟောကောင်- ကျူးဟိုင်-မကာအို ပင်လယ်ဖြတ်ကူးတံတားကြီးမှာ ကွမ်တုံမြို့နှင့် ဟောင်ကောင်၊ မကာအိုတို့ကို ချိတ်ဆက်ထားခြင်း ဖြစ်သည်။ တံတားကို နှစ်ပေါင်း ၁၂ဝ အထိ အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ကြသည့် ငလျင်ဒဏ်ကို အမြင့်ဆုံး ရစ်ချ်တာစကေး ၈ မဂ္ဂနီကျု့အထိ ခံနိုင်ရည်ရှိကာ တိုင်ဖွန်းမုန်တိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေရန် နည်းပညာမြင့် ဖန်တီးပြုလုပ်ထားသည့်ကျွန်းတုကိုလည်းထည့်သွင်းတည်ဆောက်ထားသည်။

ကျွန်းတုကို အကျယ်အဝန်းအားဖြင့် စတုရန်းမီတာပေါင်း ၁သိန်းခန့်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အရှေ့မှ အနောက်သို့ ၆၂၅ မီတာအရှည်ရှိကာ အလျား အားဖြင့် မီတာ ၂ဝဝ ရှိသည်။ ကျွန်းတုတစ်ခုလုံးကို ရေဒဏ်လေဒဏ် ခံနိုင်ရည် ရှိစေမည့် ကွန်ကရစ်တုံးများဖြင့် dolosse ပုံစံများ ဖန်တီးပြုလုပ်ထားသောကြောင့် ရေတိုက်စားမှုကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်။ ကျွန်းတု ကြောင့် မြေပြိုကျမှုများကို လျော့ပါးစေနိုင်ပြီး ရေထုညစ်ညမ်းမှုကိုကာကွယ်ကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည်။ ထို့အပြင် ပင်လယ်အတွင်း အဆိုင်အခဲ ဖြစ်စေမှုကိုလည်း အနိမ့်ဆုံးအဆင့်အထိ လျှော့ချ ပေးနိုင်မည် ဖြစ်သည်။ အကယ်၍ မုန်တိုင်းတိုက်ခတ်လာပါက ကျွန်းတုတွင်ဖန်တီးထားသည့် မျက်နှာသွင်ပြင်အရ ရေတိုက်စားမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး ရေလှိုင်းများကို အရှိန်လျော့ချပေးပြီး ထိခိုက်မှုလျော့နည်းနိုင်မည်ဟုသိရသည်။ ထို့အပြင်ရေတားနံရံများကိုလည်း တောင်ဘက်တွင် ၉.၅ မီတာအမြင့် နှင့် မြောက်ဘက်တွင် ၈.၅ မီတာ အမြင့် တည်ဆောက်ထားသည်။ တောင်ဘက်မှ ကျရောက်သည့် လေထုနှင့် ရေထု အင်အားမှာ ပိုမိုအားပြင်းသောကြောင့် တောင်ဘက်ရေတားနံရံကို ပိုမိုမြင့်မားအောင်ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ထားခြင်းကြောင့် ရေလှိုင်းများမှာ အဆိုပါ နံရံများကို ကျော်ဖြတ်နိုင်ရန် ခက်ခဲသွားပြီး ကုန်းပေါ်အထိ လှိုင်းလုံးကြီးများလျှံတက်လာခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။ တံတား၏ အမြင့်များကို လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၃ ခုအတွင်းကြုံတွေ့ခဲ့ရသည့် အဆိုးဆုံး တိုင်ဖွန်းမုန်တိုင်းများ၏ ဒဏ်ကို ခံနိုင်ရည်ရှိစေရန် အထူးဒီဇိုင်းဆွဲကာတည်ဆောက်ထားပြီး မတော်တဆ အဆိုပါ ရေထိမ်းနံရံများကိုကျော်ကာ လှိုင်းလုံးများလျှံတက်လာပါကလည်း ရေလျှံတက်မှုကိုလျှော့ချနိုင်မည့် ရေဆင်းပေါက်များကို တံတားပေါ်တွင်ထည့်သွင်းပြုလုပ်ထားသည်။ အဆိုပါ ရေဆင်းပေါက်များမှ ရေများ ပြန်လည်စီးဆင်းစေနိုင်ပြီး ရေစုပ်စက်ရှိရာ ဆီသို့ ပို့ဆောင်ပေကာ ပင်လယ်ထဲသို့ ပြန်လည်စွန့်ထုတ်နိုင်ရန် ဒီဇိုင်းဆွဲထားသည်။ ထို့အပြင် ရေအောက် ဥမင်အတွင်း စိမ့်ဝင်လာနိုင်သည့် ရေများကို ထိမ်းချုပ်ကာ ပြန်လည်စွန့်ထုတ်သည့် စနစ်ကိုလည်း ထည့်သွင်း တည်ဆောက် ထားသည်။ ကြီးမားသည့်မုန်တိုင်းများ၊ တိုင်ဖွန်းမုန်တိုင်းများနှင့်ကြုံတွေ့ပါက အန္တရာယ်ကင်းစေမည့် အစီအစဉ်များ ပြုလုပ်ထားရှိသည့် အခြေအနေများကို ဟောင်ကောင်- ကျူးဟိုင်- မကာအို ပင်လယ်ဖြတ်ကူးတံတားတည်ဆောက်ရေးတာဝန်ရှိသူ Yu Lie က ဆင်ဟွာကို ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.