Connect with us

Videos

တူတန်ခမန်ဘုရင်၏ ပန်းပုရုပ်တုအား လေလံပစ်မည်ကို တားမြစ်ပေးရန် အီဂျစ်နိုင်ငံက ဗြိတိန်နိုင်ငံအား တောင်းဆို

ကိုင်ရို ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံအစိုးရတာဝန်ရှိသူများသည် ဗြိတိန်အစိုးရတာဝန်ရှိသူများကို ဆက်သွယ်၍ ဇူလိုင် ၄ ရက်တွင် လန်ဒန်မြို့Christie လေလံရုံ၌ ပြုလုပ်မည့် ရှေးဟောင်းအီဂျစ်ဘုရင် တူတန်ခမန်(Tutankhamun)၏ ကိုယ်တစ်ပိုင်းပုံ ပန်းပုရုပ်တုကို လေလံပစ်မည့်အစီအစဉ်အား ရပ်တံ့ပေးရန် တောင်းဆိုထားကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇွန် ၁ဝ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ရှေးဟောင်းပစ္စည်းဌာနက ရှေးခေတ်အီဂျစ်ဘုရင်တစ်ပါး၏ ကိုယ်တစ်ပိုင်းပုံ ပန်းပုရုပ်တုကို လေလံပစ်ရောင်းချခြင်းကို တားမြစ်ပေးရန် Christie လေလံရုံ နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖွဲ့သို့တောင်းဆိုခဲ့သည်။

“ လန်ဒန်မြို့မှာ ရှိတဲ့ အီဂျစ်သံရုံးကလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့လေလံရုံကို ဆက်သွယ်ပြီး ပန်းပုရုပ်တုကို ရောင်းချတာမလုပ်ဖို့ပြောခဲ့တယ်။ ပြီးတော့ အီဂျစ်နိုင်ငံကို ပြန်လွှဲပေးဖို့တောင်းဆိုခဲ့တယ်” ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

သက်တမ်း နှစ်ပေါင်း ၃ဝဝဝ ရှိသော ကိုယ်တစ်ပိုင်းပုံ ပန်းပုရုပ်တုမှာ အီဂျစ်နိုင်ငံ၏ အကျော်ကြားဆုံး ဖာရို့ဘုရင်တစ်ဦးဖြစ်သည့် တူတန်ခမန်ဘုရင်ကြီး၏ ပုံတူရုပ်ဖြစ်ပြီး ဗြိတိသျှစတာလင်ပေါင် ၄ သန်း(အမေရိကန်ဒေါ်လာ ၅ သန်း) ဖြင့် ရောင်းချသွားရန် မျှော်လင့်ထားကြောင်း Christie လေလံရုံ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပန်းပုရုပ်တုသည် Upper Egypt’s Luxor ရှိ Karnak ဘုရားကျောင်းမှ ခိုးယူခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း အီဂျစ်နိုင်ငံက ယူဆထားသည်။

လန်ဒန်မြို့လေလံရုံ၌ ဇူလိုင် ၃ ရက် မှ ၄ ရက် အထိပြုလုပ်မည့် လေလံပွဲတွင် အခြားသော အီဂျစ်ရှေးဟောင်းအမွေအနှစ်များအားလုံးကို လေလံတင် ရောင်းချခြင်းမပြုရေး တားမြစ်ပေးရန် အီဂျစ်သံရုံးက ဗြိတိန်အစိုးရတာဝန်ရှိသူများအား တောင်းဆိုထားကြောင်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.