Connect with us

Videos

တောကောင်လေးတို့၏ ရင်တွင်းစကားသံပွဲတော်ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တရားဝင်တားမြစ်လိုက်သည့် ဥပဒေထုတ်ပြန်ခြင်းအား ကြိုဆိုရန်နှင့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်မှု အသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်ရန် တောကောင်လေးတို့၏ ရင်တွင်းစကားသံပွဲတော် ( Voices For Wildlife Festival ) ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် နိုဝင်ဘာလ ၂ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

၎င်း ဂီတဖျော်ဖြေပွဲတွင် သဘာဝအမွေအနှစ်များကို လေးစားဂုဏ်ပြုသောအားဖြင့် ဂရာဖတီအနုပညာရှင် အာကာကျော်က ဝါးရုပ်လုံးဖော် ပညာရှင် ဦးမြင့်နှင့်ပူးပေါင်းကာ မြန်မာ့ရိုးရာ ရွှေမျက်ပါးလွှာ အချပ်ပေါင်း ၂သောင်းကျော်ဖြင့် ဖန်တီးထားသော ဆင်ရုပ်၊ သင်းခွေချပ်ရုပ်နှင့် ကျားရုပ် စသည့် ရွှေရောင်အရုပ်ကြီး ၃ ရုပ်ကိုလည်း လှပစွာ ပြသထားခဲ့သည့်အပြင် နာမည်ကျော် ရှပ်ရှင်သရုပ်ဆောင်များ၊နာမည်ကြီးအဆိုတော်များ ၏ ဂီတနှင့်အကဖျော်ဖြေမှုများကိုလည်း တင်ဆက်ခဲ့ပြီး လူတန်းစားမရွေး ပူးပေါင်းပါဝင်လှုပ်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အခမဲ့ ဝင်ကြေးဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

တောကောင်လေးတို့အတွက် ရင်တွင်းစကားသံသည်အစိုးရဋ္ဌာနများ၊ အင်ဂျီအိုများ၊ စီးပွားရေး လုပ်ငန်းစုများနှင့် အနုပညာရှင်များပူးပေါင်းပြီး တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်နေမှုကို အဆုံးသတ်စေရန် အတွက် တိုက်တွန်းလှုံ့ဆော်သော လှုပ်ရှားမှုကြီးတစ်ခုဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.