Connect with us

Videos

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ စတင် ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ယနေ့နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတွင် စတင် ကျင်းပလျက် ရှိကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၂၄ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၂ ဦး နှင့် တစ်သီး ပုဂ္ဂလ ၇ ဦး စုစုပေါင်း ၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၈ ခုနှစ်တွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုရှိ လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ဦးရေ ၉၀၂,၇၅၀ ဦး ရှိပြီး ဆန္ဒမဲရုံ စုစုပေါင်း ၁၃၈၃ ရုံ ရှိကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၉ ဦးတွင် ပြည်သူ့လွှတ်တော်တွင် ၁၉ ဦး ၊ အမျိုးသား လွှတ်တော်တွင် ၆ ဦး ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ၃၉ ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး) တွင် ၅ဦး တို့ပါဝင်ကြောင်း သိရသည်။

လစ်လပ် မဲဆန္ဒနယ်များတွင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှုများ အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ နေရာပြည့် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ လစ်လပ် မဲဆန္ဒနယ် ၁၀ နေရာတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.