Connect with us

Videos

တော်ရွန်တို အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် ရှဉ့်ကလေး မှ ရေလွှာစကိတ်စီးခဲ့

တော်ရွန်တို ၊ ဇန်နဝါရီ (၁၁) ရက် (ဆင်ဟွာ)

ရှဉ့် ရေလွှာစကိတ် စီးသည့်အားကစားသည် ၁၉၇၉ ခုနှစ်တွင် စတင်ခဲ့ပြီး Chuck နှင့် Lou Ann Best ဆိုသည့် စုံတွဲ က ရှဉ့်လေးတစ်ကောင်အားမုန်တိုင်းအန္တရာယ်မှ ကယ်ထုတ်ပြီးချိန်မှ စတင်ကာ ရှဉ့်လေးများအား ရေလွှာစကိတ်စီးခြင်းကို လေ့ကျင့်ပေးခဲ့ပြီး ၎င်းကို ဖျော်ဖြေရေးအဖြစ် တီဗီ Show များ၊ သတင်းစာ များ၊ wesites များပေါ်မှတစ်ဆင့် ပြသခဲ့ပြီး တစ်ဖြည်ဖြည်း နာမည်ကျော်ကြားလာခဲ့သည်။

ဇန်နဝါရီလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပသည့် ၂ဝ၁၆ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် ရှဉ့်ကလေး တစ်ကောင်မှ ရေလွှာစကိတ်စီးပြခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲလာပရိသတ်များ၏ အမြင်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ အဆိုပါ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများ ရေဘေးအန္တရာယ်မှ ကင်းဝေးစေမည့် နည်းစနစ်များအားသိရှိနိုင်ရန်၊ ရေဘေးအား ကြိုတင်ကာကွယ်နိုင်ကြစေရန်အတွက် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.