Connect with us

Videos

မင်္ဂလာဈေးမီး လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးမီး အကြောင်းရင်းအား အဖွဲ့ဖွဲ့၍ စစ်ဆေးသွားမည်

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို ့၊ မင်္ဂလာ တောင်ညွှန့် မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေး မီးလောင်ကျွမ်းမှုမှာ ယခုအချိန်ထိ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများအား ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ ယင်းကိစ္စများအား စုံစမ်း စစ်ဆေး သည့် အဖွဲ့ နှင့် ဆုံးရှုံးမှု တန်ဖိုး သတ်မှတ်တဲ့ အဖွဲ့ စသည့် အဖွဲ့ (၂) ဖွဲ့ ဖွဲ့ပြီး စုံစမ်း စစ်ဆေး သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်တာက ဆင်ဟွာသို့ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

မင်္ဂလာဈေး၌ ပြီးခဲ့သည့် ၂၀၁၀ခုနှစ် မေလ အတွင်းကလည်း ပထမအကြိမ် မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ပြီးနောက် ယခု ဒုတိယ အကြိမ်မြောက် တစ်ကျော့ပြန်အဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ကြီးမားသည့် မီးလောင်ကျွမ်းမှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ မီးငြိမ်းသတ်မှုအချိန် ၆ နာရီကျော် ကြာမြင့်ခဲ့ပြီး Level 5 အဆင့်ထိ သတ်မှတ် ငြိမ်းသတ်ခဲ့ရာ မီးလောင်မှုကြောင့် စုစုပေါင်း ဆိုင်ခန်း (၁,၆၃၆) ခန်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်းကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မင်္ဂလာဈေး မီးလောင်မှုသည် နံနက်ပိုင်း ၁ နာရီခွဲ အချိန်ခန့်တွင် ဈေး၏ စတုတ္ထထပ်မှ စတင် မီးလောင်ကျွမ်းခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၆၀)ခန့်၊ မီးသတ်ရေ သယ်ယာဉ် (၃၀)၊ အထောက်အကူပြု ယာဉ် (၁၈) စီး၊ လှေကားတင် ယာဉ် (၆) စီး၊ သူနာတင်ယာဉ် (၁၉) စီး၊ စုစုပေါင်း ယာဉ် (၁၃၀) ကျော်ခန့်၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် (၅၉၀) ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၂၆) ဦး နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် (၁၅၀) ကျော် တို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြရာ ၅ နာရီ အချိန်တွင် မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီး ၇ နာရီ ၁၅ မိနစ် အချိန်တွင် မီးငြိမ်း နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.