Videos
တံတားတစ်စင်းပေါ်တွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံးယူဆနိုင်သည့် ဝင်ရိုးမဲ့ ချားရဟတ်ကြီး
ဆန်းတုန်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် Weifang မြို့ရှိ တံတားတစ်စင်းပေါ်တွင် ဝင်ရိုးမဲ့ချားရဟတ်ကြီး တစ်စင်းကိုတည်ဆောက်ထားသည်။ ၎င်းရဟတ်ကြီးသည် အမြင့် ၁၄၅ မီတာ ရှိသောကြောင့် ကမ္ဘာပေါ်ရှိ ဝင်ရိုးမဲ့ချားရဟတ်အမျိုးအစားထဲတွင် အကြီးဆုံးဟု ယူဆနိုင်သည်။ နေ့တွင်သာမက ညအချိန်၌ပါ မီးရောင်စုံများဖြင့်အလှဆင်ထွန်းညှိထားသည့် ၎င်း ဝင်ရိုးမဲ့ချားရဟတ်ကြီး၏ အလှအပများကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)