Connect with us

Videos

ရှင်းကျန်းဒေသ၏ အရှည်ဆုံး ဥမင်ကြီးကို အဆင့်မြင့်ဥမင်တူးစက်ကြီး နှစ်လုံးဖြင့် ဖောက်လုပ်တော့မည်

ရှင်းကျန်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အဝေးပြေးလမ်းကြီးကို တည်ဆောက်မည် ဖြစ်ရာ ၎င်းတွင် ပါဝင်သည့် ရှင်းကျန်းဒေသ၏ အရှည်ဆုံး ဖြစ်သည့် ရှန်းလီ ဥမင်ကြီးကို ဖောက်လုပ်သွားရန် အဆင့်မြင့်ဥမင်တူးစက်ကြီးနှစ်လုံးကို အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။  

ထိုဥမင်တူးစက်ကြီးနှစ်လုံးအတွက် လျှပ်စစ်ဓါတ်အားကို မကြာသေးမီက ပြီးစီးခဲ့သည့် ရှင်းကျန်းဒေသအတွင်း အထူးသွယ်တန်းထားသည့် ၆၄ ကီလိုမီတာအရှည်ရှိ လျှပ်စစ်ဓါတ်အားပေးလိုင်းမှ တစ်ဆင့် ချိတ်ဆက်အသုံးပြုသွားမည်ဟုသိရသည်။ရှန်းလီ ဥမင်ကြီးမှာ ထျန်ရှန်းတောင်တန်းများတွင်ရှိပြီး  ဝူးလူမုချီမြို့ နှင့် ယုလီကောင်တီ သို့ ချိတ်ဆက်ဖောက်လုပ်မည့် အဝေးပြေးလမ်းပိုင်းကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ရှန်းလီဥမင်ကြီးမှာ အရှည် ၂၂ ကီလိုမီတာ ရှိမည်ဖြစ်ပြီး ရှင်းကျန်းဒေသတစ်ခုလုံးတွင် အရှည်ဆုံးဥမင်ကြီးတစ်ခုဖြစ်လာမည်ဟုသိရသည်။

ဆောက်လုပ်ရေးပညာရှင် လီကျွမ်းဝေက” ဒါဟာ တရုတ်နိုင်ငံမှာ အဆင့်အမြင့်ဆုံးဥမင်တူးစက်ကြီးများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မာကျောလှတဲ့ ကျောက်သားထုများအထိ ဖောက်ထွင်းနိုင်တဲ့ ဥမင်တူးစက်ကြီးတွေပေါ့၊ ဒီစက်ဟာဆိုရင် ၂၈၅ မီတာအရှည်ရှိပြီး နေ့စဉ် လျှပ်စစ်ဓါတ်အား တစ်နာရီလျှင် ၇၀၀၀ ကီလိုဝပ် အသုံးပြု ရပါတယ်။ 

လျှပ်စစ်ဓါတ်အားလိုင်းက ဒီစက်ကြီးကို လျှပ်စစ်ပေးနိုင်ဖို့အတွက် အဓိက ရည်ရွယ်သွယ်တန်း ထားတာပါ။ ဒီစက်ကြီးက တစ်နေ့ကို အကွာအဝေး မီတာ ၆၀ အထိ ဖောက်လုပ်နိုင်တယ်ဆိုတော့ လုပ်ငန်းခွင် အတွက် အင်မတန်မှ စွမ်းဆောင်ရည်မြင့်မားတယ်လို့ဆိုနိုင်တာပေါ့။” ဟုဆိုသည်။ 

အဆိုပါ ဥမင်တူးစက်ကြီးနှစ်လုံးကို စတင်တပ်ဆင်လျက်ရှိပြီး မကြာမီတွင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.