Connect with us

Videos

ထပ်တူမရှိသော သစ်ရွက်ဖြင့်ပေါင်းစပ်ဖန်တီးသည့် ကြွေထည်အနုပညာ

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) 

ကျန်းရှီးပြည်နယ် ကျိအန်းစီရင်စုတွင် သစ်ရွက်ဖြင့်ပေါင်းစပ်ဖန်တီးသည့် ကြွေထည်အနုပညာအဖြစ် အထူးဖန်တီးပြုလုပ်သည့် အနုပညာရှင်တစ်ဦးပေါ်ထွက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ထပ်တူညီသောသစ်ရွက်နှစ်ခု မရှိနိုင်သဖြင့် ထပ်တူညီသော သစ်ရွက် ကြွေထည်ခွက်နှစ်ခုလည်းမရှိနိုင်ပေ။

မျက်မှောက်ခေတ် Jian ကောင်တီ၏ ဒေသထွက် ရိုးရာလက်မှုပစ္စည်းတစ်ခုဖြစ်သောသစ်ရွက်ခွက်ကိုထူးခြားစွာဖန်တီးပြုလုပ်ရသည်။ ထိုသို့ဖန်တီးပြုလုပ်ရာတွင် လက်မှုပညာရှင်သည် ကြွေထည်ပစ္စည်းများပေါ်တွင် သစ်ရွက်တစ်ရွက်ကိုပေါင်းစပ်ထည့်သွင်းပေးရသည်။

သစ်ရွက်ခွက်ပြုလုပ်သည့်နည်းပညာကိုအမွေဆက်ခံသူ ဝူယင်ရှန်သည် ၂၀၀၃ ခုနှစ်တွင် ကြွေထည်ကိုစတင်လေ့လာခဲ့သည်။

ပမာဏ အမြောက်အမြားထုတ်လုပ်မှု နည်းပညာတိုးတက်လာသည်နှင့်အမျှသစ်ရွက်ခွက်များပြုလုပ်သည့်ရိုးရာနည်းလမ်းများသည် တဖြည်းဖြည်းကျဆင်းလာသည်။ ထိုကျဆင်းမှုကိုစိုးရိမ်သောကြောင့်ဝူသည် သစ်ရွက်ခွက်လက်မှုပညာကို ပြန်လည် အသက်သွင်းရန်ဆုံးဖြတ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင်အချက်အလက်များကို စုံစမ်းပြီး ကျော်ကြားသောရှေးခေတ်မီးဖိုများသို့လှည့်လည်လေ့လာပြီးနောက် ၂၀၀၆ ခုနှစ်တွင် ဝူသည် သူ၏ ကိုယ်ပိုင် သစ်ရွက်ခွက်များကိုပြန်လည်ပြုလုပ်ခဲ့ပြီး ရှစ်နှစ်ကြာကြိုးစားပြီးနောက် ရိုးရာလက်မှုပညာတွင်အောင်မြင်မှုရရှိခဲ့သည်။ ထို့အပြင် ဝူသည် လက်မှုပညာကို မျိုးဆက်သစ်များထံ သို့ လက်ဆင့်ကမ်း သင်ကြားပေးရန် အလေးထားပြောကြားခဲ့သည်။ သူသည် Yingshantang အမည်ရှိ ကြွေထည်စတူဒီယိုတစ်ခုကိုတည်ထောင်ခဲ့ပြီးအနုပညာကိုစိတ်ဝင်စားသောကျောင်းသားများအားပညာရပ်များကိုသင်ကြားပေးလျက်ရှိသည်။ သူ့အတွက် “ ရိုးရာလက်မှုပညာသည် အချိန်နှင့်အမျှ ရှေ့သို့ ဆက်လက်ရွေ့လျားနေရမည်ဖြစ်ပြီးခေတ်သစ်ကမ္ဘာတွင်လည်းမမေ့အပ်သောအရာတစ်ခုဖြစ်ပေသည်”။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.