Connect with us

Videos

ဟောင်ကောင်ဒေသရှိ တက္ကသိုလ်များနှင့် အလယ်တန်းကျောင်းများက အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်းအခမ်းအနားများကျင်းပ

ဟောင်ကောင်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

 ဟောင်ကောင်ဒေသရှိ တက္ကသိုလ်များနှင့် အလယ်တန်းကျောင်းများက  ဇူလိုင် ၁ရက်တွင် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလံတင်အခမ်းအနားများကျင်းပခဲ့ကြကြောင်းသိရသည်။ 

ထိုအခမ်းအနားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအတွက် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကိုသတ်မှတ်ပြဋ္ဌာန်းလိုက်သည့် ရက်အပြီးနောက်တစ်ရက်တွင်ကျင်းပခဲ့သည်။

ဟောင်ကောင်ရှိ လင်းနမ် တက္ကသိုလ်မှ အန်ဒရူးယောင် က “ဟောင်ကောင်ဒေသအတွက် အမျိုးသားလုံခြုံရေးဥပဒေဟာ တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒကို ထိန်းသိမ်းစောင့်ရှောက်တဲ့ဥပဒေဖြစ်ပါတယ်၊ အမျိုးသားလုံခြုံရေးသာ အာမခံချက်ရရှိလာပါက ဟောင်ကောင်ဒေသမှာ တည်ငြိမ်အေးချမ်းမှုလည်းရရှိစေမှာပါ ဒီလိုဆိုရင်ပြည်သူတွေလည်းစိတ်ချလက်ချနေနိုင်ကြမှာပါ” ဟုဆိုသည်။

ဟောင်ကောင်ပညာရေးဋ္ဌာန အကြီးအကဲ ယောင်ယွမ်ဟွမ်က “ကျွန်တော်တို့တစ်တွေ ကျောင်းသားတွေကိုမှန်ကန်တဲ့အရည်အသွေးတွေ သဘောထားအမြင်တွေရရှိအောင် အတူတကွကြိုးပမ်းဆောင်ရွက်သွားရပါမယ် ဒါမှလည်း လူ့အသိုင်းအဝိုင်းမှာ သူတို့က ကျရာတာဝန်တွေကိုပုခုံးပြောင်းထမ်းဆောင်နိုင်ကြမှာပါ ဒီလိုနဲ့ ရှင်းလင်းတိကျတဲ့အမျိုးသားလက္ခဏာနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာအမြင်ကျယ်တဲ့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်လာနိုင်မှာပါ “ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.