Connect with us

Videos

ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တွင် ၈ ကြိမ်မြောက်တရုတ်-မြန်မာ ပူးပေါင်းလေ့လာရေးအစီအစဉ် ပြုလုပ်

ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ပိုင်း ရှိ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တရုတ်-မြန်မာ ပူးပေါင်းလေ့လာရေး အစီအစဉ်ကို မေလ ၁၄ ရက်နေ့ မှ ဇွန်လ ၁၅ ရက်နေ့ အထိ ပြုလုပ်လျက်ရှိသည်။ တရုတ်နိုင်ငံ သိပ္ပံပညာ ကျောင်း ၏ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲများ သုတေသန အင်စတီကျူ့ရှိ သုတေသီများ နှင့် မြန်မာနိုင်ငံ သဘာဝ အမွေအနှစ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ပူးပေါင်းကာ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းသိပ္ပံနည်းကျ လေ့လာမှုများကို ဆောင်ရွက်ခဲ့သည်။ သုတေသီများမှာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ခြေကျင်ဝင်ရောက်ပြီး အပင်မျိုးစိတ်နမူနာများကိုစုဆောင်းကာ နေ့မအားညမနား လေ့လာမှုများကိုနေ့စဉ် ပြုလုပ်ရ ပြီး တောရိုင်းတိရစ္ဆာန်များ၏ သဘာဝများကို ဖမ်းယူရရှိနိုင်မည့် လျှို့ဝှက်ကင်မရာများကိုလည်းတပ်ဆင်ခဲ့ကြသည်။ ငါးမျိုးစိတ်များကိုလည်း စုဆောင်းခဲ့ပြီး တောဆင်များ၏ မစင်များ မှတစ်ဆင့် ဆင်များ၏ စားသောက်မှုပုံစံကိုလည်း လေ့လာခဲ့သည်။ လေ့လာမှုပြုလုပ်စဉ် အတွင်း သုတေသီအဖွဲ့ဝင်များမှာ ရံဖန်ရံခါတွင် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြသော်လည်း ကြိုးပမ်းကာ လုပ်ဆောင်ခဲ့ကြသည်။

ပူးပေါင်းလေ့လာရေးအစီအစဉ်ခေါင်းဆောင် Quan Ruichang က

“ဘယ်အရာကမှ လွယ်လွယ်နဲ့တော့ မအောင်မြင်ပါဘူး။ ကျွန်တော်တို့ စိတ်ရှည်သည်းခံမှုတွေ၊ ကြိုးစား အားထုတ်မှု တွေနဲ့ တစ်ခါတစ်ရံ မျိုးဆက်တစ်ခုလုံးအတွက် ပေးဆပ်ရတာတွေရှိမှ အောင်မြင်နိုင်မှာပါ ဒီလိုစွဲစွဲမြဲမြဲလုပ်နိုင်ဖို့ အရမ်းခက်ခဲတယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ ဒီ လေ့လာရေး လုပ်ငန်းပြီးမြောက်သွားရင်တောင် ကျွန်တော်တို့အမြဲ အမှတ်ရနေမှာပါ”

သုတေသနပြုလုပ်ရာတွင် ယနေ့အချိန်အထိ မျိုးစိတ်သစ်ပေါင်း ၁ဝ ခုကျော်နှင့် ဆင်များ၊ ကျားများနှင့် အောက်ချင်းငှက်များ ၏ နေထိုင်မှုပုံစံများကို လေ့လာတွေ့ရှိခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.