Videos
ဓါတ်အားလိုင်းဝါယာကြိုးပေါ်တက်ရောက်ကာ သက်စွန့်ဆံဖျား ထိန်းသိမ်းပြင်ဆင်ကြသူများ
ဖူကျန့်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး အလုပ် ကို လုပ်ကိုင်နေကြသူများစွာရှိသည့် အနက် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Nignde မြို့ရှိ ဓါတ်အားလိုင်းဝါယာကြိုးများပေါ်၌ သက်စွန့်ဆံဖျား ထိန်းသိမ်းပြင်ဆင် နေကြရသူများ လည်း အပါအဝင်ဖြစ်သည်။ ၎င်းတို့သည် အာကာသ ယာဉ်မှူးများ ကဲ့သို့ အကာအကွယ် ဝတ်စုံများကို ဝတ်စားဆင်ယင်ကာ ဓါတ်အားလိုင်းများပေါ်သို့ သက်စွန့်ဆံဖျား တက်ရောက်ပြီး လေထဲတွင် တွဲလောင်းအနေအထားဖြင့်လည်း အလုပ်လုပ်ကြရသူများဖြစ်ကြသည်။ ယခု video ထဲတွင် ဓါတ်အား ၁၀၀၀ ကီလို ဗို့ဒ် ရှိ ဗို့ဒ်အားမြင့် ဓါတ်အားလိုင်းအား အရေးပေါ် ပြင်ဆင်ရန်အတွက် တာဝါတိုင်ထိပ်သို့ တက်ရောက်နေကြသူများကို ရိုက်ကူးထားခြင်းဖြစ်ပြီး ၎င်းတို့ပြင်ဆင်နေချိန်တွင်လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ထားရန် မဖြစ်နိုင်သောကြောင့် ဓါတ်အား ပို့လွှတ်ထားသည့် အနေအထားဖြင့် အန္တရာယ်ကြားတွင် ပြင်ဆင်ရခြင်းဖြစ်သည်။ ထို့ကြောင့် ဓါတ်အားလိုင်းတာဝါတိုင်ပေါ်သို့ မတက်ရောက်မီ လျှပ်မကူးနိုင်သည့် အပူခံအဝတ်အစားများကို ဝတ်ဆင်ကြရသည်။ ထို့အပြင် မြေပြင်မှ မီတာ ၉၀ အမြင့်ရှိသည့် တာဝါတိုင်ကြီးများပေါ်သို့တက်ရောက်ရခြင်းမှာလည်း ၎င်းတို့အလုပ်၏ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် အမြင့်ကြောက်သူများနှင့် သတ္တိနည်းသူများ လုပ်ကိုင်ရန်မလွယ်ကူသည့်ကိစ္စဖြစ်သည်။ သို့ရာတွင် ပြင်ဆင်ရေးအဖွဲ့သည် ပုံမှန်လုပ်နေကြအတိုင်း လျှပ်စစ်ဓါတ်အားလိုင်း အား အချိန် ၆ နာရီကျော်ပြင်ဆင်ခဲ့ပြီးနောက် မြေပြင်သို့ အန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြသည်။ အဆိုပါ ဓါတ်အားလိုင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများစွာရှိသော ဒေသများဖြစ်သည့် ရှန်ဟိုင်း၊ ဟန်ကျိုး၊ နှင့် ယန်စီ မြစ်ဝှမ်းတစ်လျှောက် ရှိ မြို့များသို့ချိတ်ဆက်ပို့လွှတ်နေသည့် ၂၇၄.၈ ကီလိုမီတာ အရှည်ရှိ ဓါတ်အားလိုင်းကြီးတစ်ခုလည်းဖြစ်သည်။ (Xinhua)