Connect with us

Videos

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူလူထုမှ စိတ်ပါလက်ပါ ပါဝင်မှ ဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြစ်ကြီးနား ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကချင်ပြည်နယ် အတွင်းရှိ ဝိုင်းမော် ၊ အင်းတော်ကြီး ၊ မိုးညှင်း ၊ မိုးကောင်း ၊ ဗန်းမော် ၊ မန်စီ နှင့် မိုးမောက်မြို့များသို့လည်း သွားရောက်၍ အောက်တိုဘာလ (၂) ရက်နေ့မှ (၆) ရက်နေ့အတွင်း လူထုတွေ့ဆုံ ဟောပြောစည်းရုံးခြင်းများကိုပြုလုပ်လျက်ရှိရာ မြစ်ကြီးနား မြို့ ပြည်သူလူထုဟောပြောပွဲ၌် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်မှာ ပြည်သူလူထု မှ စိတ်ပါလက်ပါ ပါဝင်မှ ဖြစ်နိုင်မှာဖြစ်ကြောင်း ၊ ပြည်သူလူထု မပါပါကမည်သည့် စနစ်မှ မအောင်မြင်နိုင်ကြောင်း၊ ဒီမိုကရေစီ အစိုးရဆိုသည်မှာ ပြည်သူရဲ့ပူးပေါင်း ပါဝင်မှုကို အားကိုးရ ကြောင်း၊ ပြည်သူ့အင်အားကို တန်ဖိုး ထားရကြောင်း၊ ပြည်သူအား လေးစားမှ ပြည်သူနဲ့အတူ နိုင်ငံအတွက် လိုအပ်သည့် ကိစ္စများကို ထိထိရောက်ရောက် လုပ်နိုင်မှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စု ဗဟိုနှင့် ပြည်နယ်/တိုင်းများသည် ဟန်ချက်ညီညီ အလုပ်လုပ်မှ လိုချင်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို ထူထောင်နိုင်မည် ဖြစ်ပြီး ပြည်ထောင်စုကို ကိုယ်စားပြုသော ပါတီတစ်ခုကို ထူထောင်နိုင်မှ နိုင်ငံတစ်ခုလုံး စည်းစည်းလုံးလုံးနှင့် ဒီမိုကရေစီ စနစ်ကို ရောက်အောင် လုပ်နိုင်မည် ဖြစ်ကြောင်း ထု့ိမှသာ ပြည်နယ်များတွင်လည်း အပြည့်အ၀ ဒီမိုကရေစီ အခွင့်အရေး ရအောင် လုပ်ပေး နိုင်မည် ဖြစ်ကြောင်း ၊ တိုင်းရင်းသားများကြားတွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အနေဖြင့် လုပ်ပေးပိုင်ခွင့် မရှိပါက လုပ်ပေးနိုင်မည် မဟုတ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်မှဆက်လက်ပြောကြားခဲ့သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.