Connect with us

Videos

စစ်ဘေးရှောင်သူများ တစ်နှစ်ထက် တစ်နှစ် ပိုများလာ ဟုဆို

မြစ်ကြီးနား ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

စစ်ဘေးရှောင် ဒုက္ခသည်ဦးရေမှာ တိုက်ပွဲများ မရပ်သေးသည့်အတွက် ယခုချိန်ထိ လျော့သွားသည် မရှိဘဲ တစ်နှစ်ထက် တစ်နှစ် ပိုများလာ ကြောင်း မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ အများဆုံး နေထိုင်သော ဂျန်မိုင်ကောင်း KBC Camp မှ တာဝန်ရှိသူ မချမ်းလောမ့်က ဆင်ဟွာသို့ပြောသည်။

ထို့အပြင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်း နေထိုင်သူများအနေဖြင့် နေရပ်သို့ အခြေတကျ ပြန်လည် နေထိုင်ရေးအတွက် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပြောင်းအလဲအပေါ် မျှော်လင့်ချက်ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် ဆန္ဒမဲပေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ဒုက္ခသည်များ ၏ အဓိက မျှော်လင့်ချက် မှာ ကိုယ့်အိမ် ကိုယ့်ရွာကို ကိုယ်ပြန်ချင်ကြကြောင်း ၎င်းမှပြောကြားသည်။

KBC Camp သည် မြစ်ကြီးနားမြို ့ ဂျန်မိုင်ကောင်း နှစ်ခြင်း ဘုရားကျောင်းဝင်း အတွင်း၌ ရှိပြီး စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁ဝ၇၂ ဦး ရှိပြီး အိမ်ထောင်စု ၂ဝ၅ စု ၊ ပညာသင်ကြားနေဆဲ ကလေးငယ် ၄ဝဝ ကျော် ရှိသည်။ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ ဆွမ်ပရာဘွမ် ၊ နန့်ဆန် အပါအဝင် အနီးနား ရှိ ရွာ များမှ လာရောက် စစ်ဘေးရှောင် နေထိုင်လာကြသည်မှာ လေးနှစ်ကျော် ကြာမြင့်နေပြီဟု သိရသည်။
ထို KBC Camp တွင် နေထိုင်ကြသူများ၏ ကျန်းမာရေး ၊ ပညာရေးတို့အား ပြည်နယ်အစိုးရမှ ထောက်ပံ့ ပေးထားပြီး စားသောက်ရေးအတွက် ဆန် ၊ ဆီ ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) မှ ထောက်ပံ့ ပေးထားကြောင်း ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၊ Kachin Baptist Convention တို့မှ လိုအပ်သည်များကို အထောက်အပံ့ ပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.