Connect with us

Videos

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မီးပုံးပျံပွဲတော် မက္ကဆီကိုတွင်ကျင်းပ

ဂွမ်နာဟွာတို၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ၏ မြောက်ပိုင်း ဂွမ်နာဟွာတိုတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ၁၅ ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို ဖွင့်လှစ်ခဲ့သည်။ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ထိုပွဲတော်တွင် နိုင်ငံပေါင်း ၂၃ နိုင်ငံ က အရောင်အသွေးစုံလင်လှပသည့် မီးပုံးပျံ ၂ဝဝ ကျော် ကို လွှတ်တင်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့ကြသည်။

၄ ရက်တာ ကျင်းပမည့် အဆိုပါပွဲတွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ ရုရှား၊ ဖိလစ်ပိုင်နှင့် စပိန်နိုင်ငံတို့မှ လာရောက်ယှဉ်ပြိုင်ကာ ပြိုင်ပွဲဝင်ခဲ့ကြသည်။

ထိုပွဲသို့ နှစ်စဉ် လာရောက်လည်ပတ်ကြည့်ရှုသူပေါင်း ၅သိန်းကျော်ရှိခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.