Connect with us

Videos

Capital Hypermarket ၌ ဖြစ်ပေါ်ခဲ့သော အသေးစားပေါက်ကွဲမှုအား အမှုဖွင့်စစ်ဆေးနေဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ၌ ဖြစ်ပေါ်ခဲ့သော အသေးစားပေါက်ကွဲမှုအား အမှုဖွင့် စစ်ဆေးနေကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ဈေးဝယ်စင်တာ၌ နိုဝင်ဘာ ၂၀ရက်နေ့ ညနေ ၅နာရီကျော်ခန့်က အသေးစားပေါက်ကွဲမှု လေးနေရာဖြစ်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲမှုဖြစ်စဉ်ကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းအက်ဥပဒေ ပုဒ်မ (၃)ဖြင့် ဒေါပုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၊ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးဘဲ ပေါက်ကွဲမှုနှင့် ပတ်သက်သော စစ်ဆေးမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း Capital Hypermarket၏ အထွေထွေ မန်နေဂျာ ဒေါ်သွယ်သွယ်မိုးက ဆိုသည်။ အသေးစားပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သော Capital Hypermarket ဈေးဝယ်စင်တာကို နိုဝင်ဘာ ၂၁ရက်နေ့ နေ့လည် ၂နာရီတွင် ပြန်လည်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.