Connect with us

Videos

 နှလုံးသားကို နွေးထွေးစေသော ၁ နှစ်အရွယ် ကလေးငယ်၏ မွန်မြတ်သည့် ဒါန ဥပပါရမီ

စူးကျိုး၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း စူးကျိုးမြို့ တွင် နေထိုင်သည့် ၁ နှစ်အရွယ် ကလေးငယ်လေး Haohaoသည် ၎င်း၏ ကိုယ်အင်္ဂါအစိတ်အပိုင်း ၄ ခုကို လှူဒါန်းမှုပြု လုပ်ခဲ့သည်။ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းရန် ခွဲစိတ်မှုသည် သူ့မွေးနေ့မတိုင်မီ ၃ ရက်အလို ဩဂုတ် ၁၂ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ငယ်ရွယ်နုနယ်သည့် ကလေးငယ်လေး၏ ဘဝသည် ပြီးခဲ့တဲ့ရက်များက မတော်တဆမှုတစ်ခုအတွင်း အဆုံးသတ်ခဲ့ရသည်။လမ်းစမ်းလျှောက်တတ်စအရွယ် Haohaoလေးသည် ဩဂုတ် ၇ ရက်က လမ်းလျှောက်သင်နေစဥ် ချော်လဲပြုတ်ကျတော့မလိုဖြစ်ရာမှာ ထိတ်လန့်၍ အော်ဟစ်ငိုကြွေးရင်း အစာလည်မြိုတွင် တစ်ဆို့ခဲ့သောကြောင့် အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ဆေးရုံသို့ ရောက်ရှိချိန်တွင် ၎င်းသည် အသက်ရှူရပ်ခဲ့ပြီး သုံးရက်အကြာ ဩဂုတ် ၁၀ ရက်တွင် ဦးနှောက်ရပ်တန့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

Haohaoလေး၏ မိဘများက အခြားသူများ၏အသက်ကို ကယ်တင်နိုင်ရန် အလို့ငှာ သေဆုံးသွားသည့် သားငယ်၏  ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းရန်  ဝမ်းနည်းကြေကွဲခြင်းများနှင့်အတူ ဆုံးဖြတ်ခဲ့ကြသည်။“ကျွန်တော်တို့လည်း ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ သားငယ်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး။ကျွန်တော်တို့လို ဝမ်းနည်းကြေကွဲမှုတွေကို တခြားမိသားစုမှာ မကြုံရအောင် သားငယ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုက ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ”ဟု Haohao၏ ဖခင်ဖြစ်သူက ပြောသည်။

“ဩဂုတ် ၁၁ ရက်ဟာ ကျွန်မ သားလေးကို နောက်ဆုံး နှုတ်ဆက်လိုက်ရခြင်းပါပဲ”ဟု မိခင်ဖြစ်သူက ဆိုသည်။“မိသားစုဝင်တွေက ပူဆွေးဝမ်းနည်းမှုခံစားမှုတွေနဲ့အတူ ဆုံးဖြတ်ခဲ့ရတာပါ။ကလေးငယ်ရဲ့ အသည်း၊နှလုံးနှင့် ကျောက်ကပ်စတဲ့ အဓိကကိုယ်အင်္ဂါအစိတ်အပိုင်း ၄ ခုကို လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ ကလေးငယ်ရဲ့လှူဒါန်းမှုကြောင့် အခြား ဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ကလေးငယ် ၄ ဦးရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။” ဟု တရုတ်နိုင်ငံ စူးကျိုးမြို့ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး Ma HongYingက ဆိုပါသည်။Haohaoသည် စူးကျိုးမြို့တွင် ၁၀၅ ဦးမြောက် ဒါန ဥပပါရမီပြုသူဖြစ်ပြီး ကျန်းစူးတွင် အသက်အငယ်ဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းသည့် အလှူရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.