Videos
ပထမ အကြိမ် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း ဖွင့်လှစ်
ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန တို့မှ အဓိက ပူးပေါင်းဆောင်ရွက်သည့် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို စက်တင်ဘာလ ၁၃ ရက်နေ့ က Sport Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် ၊ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် (Chen Chen)နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သယ်ဟုန် ခရိုင် ဆက်ဆံရေး ဌာန တာဝန်ခံ မစ္စတာ ယင်းရီဖိန် (Mr.Yin Yipeng) နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင်မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် က သင်တန်းသား/သူ များအနေဖြင့် ယခုရရှိသည့် အခွင့်အရေး ဖြင့် ကောင်းမွန်စွာ လေ့လာသင်ယူ ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သံရုံး အနေဖြင့် ရှေ့ဆက် အလားတူ သင်တန်များ ကို ဆက်လက်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် က မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် လိုအပ်သော ကူညီဆောင်ရွက်မှု များကို ပြုလုပ်ပေးပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က ယခု သင်တန်း မှ တစ်ဆင့် မြန်မာ နိုင်ငံ တွင် ခရီးသွား လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင် တက်မြောက်သူများ ပိုမို များပြားလာပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာမည် ကို ယုံကြည်ကြောင်း ၊ အနာဂတ်တွင်လည်း အလားတူ သင်တန်းများ ပိုမို များပြားစွာ ဖွင့်လှစ် နိုင်ရန် မျှော်လင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ရေး အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် တို့ က တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။(Xinhua)