Connect with us

Videos

မသန်စွမ်းအိမ်မွေးတိရစ္ဆာန်လေးများအပ်စိုက်ကုထုံးဖြင့်ကုသ

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းရှိ Guoguo အိမ်မွေးတိရစ္ဆာန်လေးများ အာရုံကြောနှင့် အပ်စိုက်ကုကျန်းမာရေးစင်တာတွင် မသန်စွမ်းအိမ်မွေးတိရစ္ဆာန်လေးများကို အပ်စိုက်ကုထုံးနှင့် စုပ်ခွက်နည်းတို့ဖြင့် ကုသပေးလျက်ရှိသည်။ အသက် ၆ နှစ်အရွယ်ရှိပြီဖြစ်သည့် schnauzer အမျိုးအစားခွေးလေးတစ်ကောင်ကိုလည်း အပ်စိုက်ကုသပေးခဲ့သည်။ ၎င်းမှာ လွန်ခဲ့သည့် ၃ နှစ်ကတည်းက ခြေ ၄ချောင်းစလုံး အကြောသေသည့်ဝေဒနာကိုခံစားခဲ့ရသည်။ ထိုခွေးလေးအား အပ်စိုက်ကုသမှု အပိုင်း ၁၂ ပိုင်း ပြုလုပ်ခဲ့ပြီးနောက်တွင် မတ်တပ်ရပ်နိုင်သည့်အပြင်လမ်းလည်းလျှောက်နိုင်ပြီဟုသိရသည်။ လျှပ်စစ်အပျော့စားထည့်သွင်းထားသည့် အပ်များဖြင့်ခန္ဓာကိုယ်အတွင်း သွေးကြောများကိုပြန်လည် လှုံ့ဆော်ပေးရန် ထိုးသွင်းကုသခြင်းဖြစ်သည်။ ထို့အပြင် သစ်သားကိုအပူပေးကာ ကိုယ်တွင်းသွေးလည်ပတ်မှု မြှင့်တင်ပေးသည်။ ကုသရေးစင်တာတွင် ၅ နှစ်တာကာလအတွင်း ခွေး၊ကြောင်၊ယုန်နှင့်အိမ်မွေးမြွေပါငယ်ပေါင်း အကောင်ရေ ၅ဝဝ ခန့်အား ကုသပေးခဲ့သည်။ ထိုသို့ကုသရန်အတွက် အပိုင်း ၁ ပိုင်း ကို တရုတ်ယွမ် ၂၆ဝ ယွမ် (အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာ) ကျသင့်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.