Videos
ပေကျင်း၌ပထမဆုံးမောင်းသူမဲ့ ရထားပြေးဆွဲတော့မည်
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံပေကျင်း၌ ပထမဆုံးမောင်းသူမဲ့ရထား ကို ယခုနှစ်မကုန်မီ ပြေးဆွဲတော့မည်ဖြစ်သည်။ ထိုမောင်းသူမဲ့ရထားပြေးဆွဲမည့် ရထားလမ်းအတွက် ပြည်တွင်းဖြစ်ပစ္စည်းများဖြင့် တည်ဆောက်တပ်ဆင်ထားခြင်းဖြစ်သည်။၁၆.၆ ကီလိုမီတာအရှည်ရှိသည့် ရန်ဖန် ရထားလမ်းတွင် မောင်းသူမဲ့ရထားများကိုပြေးဆွဲခြင်းဖြင့် ဒေသနေပြည်သူများအဆင်ပြေချောမွေ့စေရန်ရည်ရွယ်သည်။ မောင်းသူမဲ့ရထားကို အဆိုပါ ရထားလမ်းတွင် အမြန်ဆုံးတစ်နာရီလျင် ၈ဝ ကီလိုမီတာ ပြေးဆွဲနိုင်မည်ဖြစ်ပြီး ခရီးသည် ၁၂၆၂ ဦးကို တင်ဆောင်နိုင်မည် ဖြစ်သည်။ ရထား တစ်စီးလုံးအလိုအလျောက်စနစ်ဖြင့်သာ ထိန်းချုပ်မောင်းနှင် မည်ဖြစ်ပြီး အလိုအလျောက်စနစ်ဖြင့် ရထားမထွက်ခွါမီ ချို့ယွင်းချက်ရှိမရှိကို ရှာဖွေ စစ်ဆေးမည်ဖြစ်သည်။ ရထားဝန်ဆောင်မှု ပြီးသည့် အချိန်တွင်လည်း အလိုအလျောက်စနစ်ဖြင့် ထိန်းချုပ်စခန်းကိုဝင်ရောက်ကာ ရထားကိုယ်ထည်သန့်ရှင်းရေးကိစ္စများကိုလည်း ဆောင်ရွက်နိုင်သည်။ သွားလိုသည့် ခရီးစဉ်လမ်းကြောင်းကိုထည့်သွင်းပေးရုံဖြင့် ရထားက သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်ပြေးဆွဲမည်ဖြစ်ပြီး ရထား၏ မြန်နှုန်းနှင့် ဘူတာသို့ဆိုက်ရောက်ချိန်တို့အတွက်လည်း အလိုအလျောက်စနစ်ဖြင့် ချိန်ညှိပေးနိုင်ကြောင်းသိရသည်။ (Xinhua)