Connect with us

Videos

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေး

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေးမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်မည်ဖြစ်ကြောင်း ယနေ့အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မွေးစားခံရခြင်းဘေး၊ခုတုံးလုပ်ခံရခြင်းဘေးနှင့် ထောင်လွှားခြင်းဘေး ဘေးသုံးဘေးကို ရှောင်လွားရန်လိုအပ်ပြီးယင်းဘေးသုံးဘေးကို ရှောင်လွှားရန် NLD၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NLDအနေဖြင့် သွားရောက်နေသည့် ပန်းတိုင်သည် ရေတိုရည်မှန်းချက်မဟုတ်ဘဲ ရေရှည်သွားရမည်ဖြစ်သည့်အတွက် ပန်းတိုင်သွားသည်နေရာတွင် စည်းလုံးညီညွှတ်မှုရှိရမည်ဖြစ်ကြောင်း သဘာပတိက ပြောသည်။

“ ပြည်သူလူထုက ယုံယုံကြည်ကြည် ကြည်ကြည်ဖြူဖြူဆက်လက် တာဝန်ပေးအပ်ထားဖို့ဆိုရင်ကျွန်တော်တို့ရဲ့မောက်မာမှုတွေကိုလဲ ထိန်းသိမ်းသွားရန် လိုပါတယ်”ဦးအောင်ကြည်ညွှန့်က မိန့်ခွန်းအတွင်းထည့်သွင်းပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပထမ ဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေးကို ဇွန် ၂၄ရက်နှင့် ၂၅ ရက်တို့ တွင်ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် နှစ်ရက်တာကျင်းပမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်အပါအဝင် ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်များနှင့် လေ့လာရန်ဖိတ်ကြားထားသော အရံဗဟိုကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္တဋ္ဌများ တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူ ၁၄၈ဦးရှိသည့်အနက် ၁၂၂ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.