Connect with us

Videos

ပေကျင်း ယူနီဗာဆယ် စတူဒီယိုပန်းခြံတည်ဆောက်ရေးစတင်

ပေကျင်း၊ နိုဝင်ဘာလ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းအရှေ့ပိုင်းရှိ ဆင်ခြေဖုန်းခရိုင်တစ်ခုဖြစ်သည့် Tongzhouတွင် ယူနီဗာဆယ်စတူဒီယိုပန်းခြံ ကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ပေကျင်း ဆောက်လုပ်ရေးအင်ဂျင်နီယာအဖွဲ့က ဆိုသည်။

ဆောက်လုပ်ရေး ပထမဆုံးစီမံကိန်းအဖြစ် ပန်းခြံတစ်ခု၊ အပန်းဖြေဟိုတယ်၂ ခုနှင့် Universal CityWalk အပန်းဖြေနေရာများပါဝင်မည်ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု အင်ဂျင်နီယာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လာရောက်လည်ပတ်သူများမှာ ပန်းခြံ၊ ဟိုတယ်များနှင့် CityWalk တို့ကို ဖြတ်သန်းဖောက်လုပ်ထားသည့် မြစ်ပြင်တွင် လှေဖြင့်သွားလာလည်ပတ်နိုင်အုန်းမည်ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် ယွမ်ဘီလီယံ၅ဝ ခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာလကတည်းက ဆောက်လုပ်ခွင့်ရထားပြီးဖြစ်သည်။ ဆောက်လုပ်ပြီးစီးပါက ၎င်းသည် ကမ္ဘာပေါ်တွင် ၆ ခုမြောက် နှင့် အာရှတိုက်၏ ၃ ခုမြောက်ယူနီဗာဆယ် စတူဒီယိုပန်းခြံဖြစ်လာမည် ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.