Videos
ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ စာရင်းစစ်ချုပ်တို့အားအတည်ပြု
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် တင်ပြထားသော ပုဂ္ဂိုလ်နှစ်ဦး အားလည်းကောင်း၊ နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းသည့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် တို့အား လည်းကောင်း ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူ မရှိသည့် အတွက် အတည်ပြု လိုက်ကြောင်း သိရသည်။
လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးဖေဇင်ထွန်းအားလည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးမျိုးသိန်းကြီးအားလည်းကောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဦးဇော်သန်းနှင့် ပြည်ထောင်စုရှေ့နေချုပ် အဖြစ် ဦးထွန်းထွန်း ဦးတို့ အား အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)