Connect with us

Videos

အာဆီယံ ပါလီမန်မျာ း ညီလာခံဆိုင်ရာ ပူးပေါင်း ကော်မတီတွင် ဥက္ကဋ္ဌ တာဝန်အား ပြောင်းလဲပေးအပ်

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသည့် အာဆီယံ ပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်း ကော်မတီတွင် ဥက္ကဋ္ဌ တာဝန်အား ဦးဇော်သိန်း (ဝါးခယ်မ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား ပြောင်းလဲ တာဝန်ပေးအပ်ကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကြေညာခဲ့သည်။

မူလက နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် (သုံးခွမဲဆန္ဒနယ် ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သူရ ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် ယခင် ကော်မရှင် အဖွဲ့ဝင်များအနက် ၄ ဦးသည် ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန် ပေးခံရသည့်အတွက် ၎င်းတို့နေရာတွင် ဒုတိယ ဥက္ကဋ္ဌ ၂ အဖြစ် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ အဖွဲ့ဝင်များ အဖြစ် ဦးဝင်းထိန်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့ဝင ်(ငြိမ်း) ဦးညီထွန်း၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဘိုဝင်းတို့ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ခန့်အပ်တာ ဝန်ပေးလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.