Videos
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး ကျင်းပ
နေပြည်တော် ၊ မေ ၂၄ ရက်(ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား ယနေ့မေ ၂၄ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့NCA လက်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် UWSP/UWSA ၊ KIO/KIA ၊ ULA/AA ၊ PSLF/TNLA ၊ MNTJP/MNDAA ၊ SSPP/SSA ၊ PSC/NDAA အဖွဲ့များ တက်ရောက်ကြ သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှ သဘောတူညီချက် ရရှိထားသည့် နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး (၆) ခု၌ အချက်ပေါင်း (၂၁) ချက် ၊ စီးပွားရေး ကဏ္ဍ ခေါင်းစဉ်ကြီး (၇) ခု၌ အချက်ပေါင်း (၁၀) ချက်၊ လူမှုရေးကဏ္ဍ၌ အချက်ပေါင်း (၄)ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၌ အချက်ပေါင်း (၆)ချက် စုစု ပေါင်း (၄၁) ချက်များကို တင်သွင်း အတည်ပြုခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု အစိုးရ လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးအား ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)