Videos
ဖင်လန်နိုင်ငံတွင် မောင်းသူမဲ့ ဘတ်စ်ကားကို စမ်းသပ်ပြေးဆွဲ
ဟယ်လ်ဆင်ကီး ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဖင်လန် နိုင်ငံ မြို့တော် ဟယ်လ်ဆင်ကီး ရှိ လမ်းမများပေါ် တွင် မောင်းသူမဲ့ ဘတ်စ်ကားကို
စမ်းသပ်ပြေးဆွဲခဲ့သည်။ ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သည့် EZ 10 မော်ဒယ်အမျိုးအစား
မောင်းသူမဲ့ကားကို မောင်းနှင်ခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်း နေရာမပါဝင်တော့သည့် ထိုကားတွင်
တစ်ပြိုင်တည်း ခရီးသည် ၁၂ ဦးကို တင်ဆောင်နိုင်သည်။ တစ်နာရီလျှင် ၄ဝ
ကီလိုမီတာနှုန်းဖြင့်သွားလာနိုင်စေရန် စီမံထုတ်လုပ်ထား သော်လည်း လက်ရှိတွင် ၁နာရီလျှင် ၁၁
ကီလိုမီတာနှုန်းဖြင့်သာသွားလာသည်။ ကားတွင်တပ်ဆင်ထားသည့် လေဆာ တွင်
အမျိုးအမည်မခွဲခြားနိုင်သည့် ပစ္စည်းများကို တွေ့ရှိပါက ဘတ်စ်ကားမှာ အရှိန်လျော့သွားမည်ဖြစ်သည်။
သြဂုတ်လ လယ်ပိုင်းလောက် က တည်းက ဖင်လန်နိုင်ငံတွင် ရှိ
လမ်းမများပေါ်တွင်စမ်းသပ်မောင်းနှင်ခဲ့သည်။ ယာဉ်မောင်းမလိုသည့်ကားများကို
ခရီးသည်များအပါအဝင် စိတ်ပါဝင်စားသူ ရာပေါင်းများစွာရှိခဲ့သည်။ ဟယ်လ်ဆင်ကီး တွင် ပြီးခဲ့သည့်
လက စမ်းသပ်ခဲ့သည်။ နိုင်ငံ၏ အဓိက မြို့ကြီး ၂ မြို့ဖြစ်သည့် အက်စ်ပိုးနှင့် တမ်ပါရာတို့တွင်လည်း
နောက်ထပ် စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်သွားဦးမည်ဖြစ်သည်။ (Xinhua)