Connect with us

Videos

တရုတ်လူမျိုးကြိုးတန်းလမ်းလျှောက်သူ ဂင်းနစ်စံချိန်တင်အရှည်ဆုံးကြိုးတန်းလျှောက်စတန့်ပြသ

နင်းရှ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်လူမျိုးကြိုးတန်းလမ်းလျှောက်သူ Adili Wuxor သည် နင်းရှရှိ မြစ်ဝါမြစ်ကို ဖြတ်သန်းသွယ်တန်းထားသည့် မီတာ ၁၈ဝဝ ရှည်လျားသည့် ကြိုးတန်းပေါ်လမ်းလျှောက်ပြခဲ့ သည်။

Adili နှင့် ၎င်း၏ တွဲဘက်ဖြစ်သူ Shater တို့သည် အန္တရာယ်များသည့်စတန့်ပြကွက်ကို သိုင်းကြိုးများပင် အသုံးမပြုခဲ့ဘဲ ပြသခဲ့သည်။

၎င်းတို့ ၂ဦး သည် ကြိုးတန်းပေါ်တွင် မျက်နှာချင်းဆိုင်မှ ပြိုင်တူလျှောက်လာကြခြင်းဖြစ်သည်။

Adili မှ သူ့တွဲဘက်နှင့် ကြိုးတန်းပေါ်တွင်မဆုံခင် စတန့်ပြကွက်များကိုလည်းပြသခဲ့သည်။ တွဲဘက်က ၎င်းဆီသို့အရောက်တွင် သူ့ကိုယ်ပေါ်မှ ဖြတ်သန်းသွားစေပြီး အခြားတစ်ဘက်ကို ဖြတ်ကူး စေခဲ့သည်။
ထိုပြကွက်သည် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် အရှည်ဆုံး ကြိုးတန်းလမ်းလျှောက်နိုင်သူအဖြစ်စံချိန်သစ်တင်နိုင်ခဲ့သည်။

Adili သည် တရုတ်နိုင်ငံရှင်းကျန်းတွင် နံမည်ကျော်ကြားသည့် ကြိုးတန်းလမ်းလျှောက်သူတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ဂင်းနစ်စံချိန်ပေါင်းများစွာကိုလည်း ချိုးဖျက်ခဲ့သူတစ်ဦးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.