Connect with us

Videos

Nokia ၏ တရုတ်နွယ်ဖွားအင်ဂျင်နီယာ က လေယာဉ်ငယ်တစ်စင်းကို ကိုယ်တိုင်တည်ဆောက်

ချီကာဂို၊ သြဂုတ် ၃ဝ ရက် (ဆင်ဟွာ)
ချီကာဂို မြို့ တွင်နေထိုင်သူ နိုကီရာကုမ္ပဏီ၏ အင်ဂျင်နီယာ တရုတ်နွယ်ဖွား အမေရိကန် နိုင်ငံသား ဒေးဗစ်ဟူ သည် ကိုယ်ပိုင်လေယာဉ်တစ်စင်းကို ၂ဝဝ၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ ဆယ်နှစ်တာ ကာလအတွင်း ပုံကြမ်းဆွဲခြင်း၊ လိုအပ်သည့်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ခြင်း စမ်းသပ်မောင်းနှင်ခြင်းတို့ကို ၎င်း၏ ကိုယ်ပိုင်အချိန်ပိုအတွင်း ကိုယ်တိုင် ဆောင်ရွက်ခဲ့သူဖြစ်သည်။
ဒေးဗစ်တီထွင်ထားသည့်လေယာဉ်မှာ အလေးချိန် ၅၉ဝ ကီလိုဂရမ်ရှိပြီး တစ်နာရီလျှင် ၂၉ဝ ကီလိုမီတာ အထိ အမြန်ဆုံးမောင်းနှင်နိုင်ကာ မိုင်ပေါင်း ၆၄၄ မိုင်မှ ၇၂၄ မိုင်အထိ ခရီးပေါက်သည်။ ၎င်းလေယာဉ်အား အမေရိကန်လေကြောင်းထိန်းချုပ်ရေး ဋ္ဌာနမှ စစ်ဆေးအောင်မြင်ခဲ့ပြီး ပျံသန်းခွင့်ပြုခဲ့ရာ ယခုနှစ် ဇွန်လတွင် စမ်းသပ်ပျံသန်းခဲ့ပြီးလည်းဖြစ်သည်။
ဇွန်လအစမ်းပျံသန်းချိန်မှစ၍ နှစ်လတာကာလအတွင်း တစ်ပတ်လျှင်ပျမ်းမျှ ၂ နာရီမှ ၃ နာရီခန့် စုစုပေါင်း နာရီပေါင်း ၃၂ နာရီကျော် ပျံသန်းမောင်းနှင်ပြီးဖြစ်ရာ လေယာဉ်စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ရာမရှိဘဲ မောင်းနှင်နိုင် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.