Videos
ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ အယောက်တစ်ရာကျော်အထိရှိလာ
ရန်ကုန်၊ နိုဝင်ဘာ၂၃ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခတ်ကူးကျေးရွာတွင် နိုဝင်ဘာလ ၂၁ ရက် စွန့်ပစ်မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ရာ နိုဝင်ဘာလ ၂၂ ရက်အထိ စုစုပေါင်း သေဆုံးသူ အယောက် ၁ဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေစာများလျောဆင်းမှုကြောင့် မြေစာပိသူများအား နယ်မြေခံ တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများနှင့် ကုမ္ပဏီများမှ ယာဉ်/ယန္တရား များဖြင့် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းမှစ၍ တူးဖော် ကယ်ဆယ်ရှာဖွေခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီ အထိမြေစာပိ သေဆုံးသူ အမျိုးသား/ အမျိုးသမီး အလောင်း(၁ဝ၄)လောင်းရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
မြို့နယ်မှ တာဝန်ရှိသူတွေ ၊ လူမှုကူညီရေးအဖွဲ့များ က ဘတ်ဟိုးကားများနှင့် လူအင်အား ၂၅ဝ မှ ၃ဝဝ ကြား အင်အားသုံးကာ ဆက်လက် ရှာဖွေလျက်ရှိသည်။
ကုမ္ပဏီများမှ မြေစာပုံရန် သတ်မှတ်ထားသည့် ဧက ၂ဝဝ တွင် ပုံထားသည့် မြေစာပုံမှ ပြိုကျခြင်းဖြစ်ပြီးမြေစာပုံ ၂ ပုံကြားရှိ လျှိုထဲတွင်နေသူများ ပျောက်ဆုံး၊သေဆုံး ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါနေရာတွင် ကုမ္ပဏီကြီး ၅ ခု ခန့် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ (Xinhua)