Connect with us

Videos

တရုတ်နိုင်ငံ တွင် အမှိုက်မှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်ရန်တီထွင်

ချုံကျင်း၊ နိုဝင်ဘာလ(၂၃) (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းဒေသတွင် အမှိုက်များအားမီးရှို့ရာမှ တစ်ဆင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန်တီထွင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် စက်ကြီးများအား တပ်ဆင်ထားပြီဖြစ်သည်။ ချုံကျင်းတက္ကသိုလ် သိပ္ပံနှင့်နည်းပညာဋ္ဌာနမှ ထိုသို့ ထုတ်လုပ်ရန်စီစဉ်ခြင်းဖြစ်သည်။ ထိုစနစ်မှာ လောင်ကျွမ်းနိုင်သောအမှိုက်များအား လျှပ်စစ်အဖြစ်ပြောင်းလဲရန်ဖြစ်ပြီး အမှိုက်တစ်တန်အားလောင်ကျွမ်းပါက တစ်နာရီ ကီလိုဝပ်ပေါင်း၅ဝဝ အထိ ရရှိနိုင်မည်ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များမှ ထိုသို့ဖြေရှင်းခြင်းဖြင့် အမှိုက်များအားတနည်းတစ်ဖုံဖြေရှင်းရာရောက်မည်ဟု သတ်မှတ်သောကြောင့် ထိုအစီအစဉ်အားအမြန်ဆုံးစမ်းသပ်အကောင်အထည်ဖော်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.