Videos
မက္ကဆီကိုတွင် ကွယ်လွန်ပြီးသူများအတွက် သေဆုံးခြင်းနေ့ အထိမ်းအမှတ် ကို အစဉ်အလာမပျက်ပြုလုပ်
မက္ကဆီကို၊ နိုဝင်ဘာ၂ ရက်(ဆင်ဟွာ)
မက္ကဆီကို တစ်နိုင်ငံလုံးတွင် သေဆုံးခြင်းနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ကျင်းပကြသည်။ နိုင်ငံအတွင်းရှိ ပြည်သူများသာမက ပြည်ပရောက်မက္ကဆီကိုနွယ်ဖွားများပါမကျန် ထိုနေ့ကို အစဉ်အလာမပျက် ကျင်းပလျက်ရှိကြောင်းသိရသည်။ ထိုပွဲတော်ကျင်းပခြင်းဖြင့် ကွယ်လွန်သွားပြီဖြစ်သည့် မိသားစုဝင်များနှင့် မိတ်ဆွေသ ူငယ်ချင်းများ ကို သတိတရ ရှိခြင်းနှင့် ၎င်းတို့၏ နောင်ဘဝ အဆင်ပြေစေရန်ကူညီပေးရာ ရောက်သည်ဟုယူဆကြသည်။
ထိုအထဲတွင် ရိုးရာဓလေ့တစ်ခုမှာ ထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်ဝင်ခန်းများအတိုင်းပင်ဖြစ်သည်။ မက္ကဆီကိုနိုင်ငံသား Venancio Tuz ဆိုသူသည် ၎င်း၏ ကွယ်လွန်သွားပြီဖြစ်သည့် ဆွေမျိုးများ၏ ကြွင်းကျန်ရစ်သော အရိုးများနှင့် အစိတ်အပိုင်းများကိုသန့်ရှင်းရေးလုပ်သည့်အပြင်အခြားသူများ၏ ဆွေမျိုးများအတွက်ကိုပါ သန့်ရှင်းရေးဆောင်ရွက်ပေးသူဖြစ်သည်။
Venancio က ထိုသို့ အရိုးများကို စတင်သန့်ရှင်းရေးလုပ်ခဲ့သည်မှာ ၁၇ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ သေဆုံးခြင်းနေ့ ပွဲတော်မတိုင်မီရက်များတွင် အလွန်အလုပ်များကြောင်းသိရသည်။ ထိုအချိန်မျိုးတွင် ဒေသခံများက သူ့အား ကွယ်လွန်သွားပြီဖြစ်သည့် ဆွေမျိုးများ၏ အရိုးများကို လာရောက်အပ်နှံကြပြီး Venancio က ထိုအရိုးများကို တတ်နိုင်သလောက်သန့်ရှင်းသွားအောင် ပြုလုပ်ပေးရသည်။
နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ ကျရောက်သည့် သေဆုံးခြင်းနေ့မတိုင်မီ ထိုဒေသရှိ လူပေါင်း ၆ ထောင်ကျော်က ၎င်းတို့၏ ဆွေမျိုးများ၏ အကြွင်းအကျန်အရိုးများကို သန့်ရှင်းရေးပြုလုပ်ကြ သည့် ဓလေ့ကို မျိုးရိုးစဉ်ဆက်အလိုက်လက်ဆင့်ကမ်းလာကြခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ရန်အတွက် သချိုင်းများကို ပြန်လည်ဖော်ထုတ်ရသည်ဟုသိရသည်။ အရိုးများကို သန့်ရှင်းရေးပြုလုပ်ပေးခြင်းခံရသည့်ဆွေမျိုးများမှာ နောင်ဘဝတွင်ငြိမ်းချမ်းမှှုရရှိနိုင်ကြောင်း၎င်းတို့က ယုံကြည်ကြသည်။ (Xinhua)