Videos
မကွေးတိုင်းဒေသကြီး ရှိ ရေရှားပါး ဒေသများသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သောက်ရေသန့်များ လှူဒါန်း
မကွေး ၊ မေ ၁ဝ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ဖြစ်သည့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေရှားပါး ဒေသများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့သည် မေလ ၉ ရက်တွင် သောက်ရေသန့်များ သွားရောက် ပေးအပ် လှူဒါန်းခဲ့သည်။
သံမှူးကြီး ချန်းချန်က ရာသီဥတု ပြောင်းလဲမှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ နေရာတစ်ချို့တွင် ရေရှားပါးသည့် အခြေအနေများ အကြောင်း သတင်းရရှိ၍ လာရောက်ကူညီ အားပေးရခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ပြည်သူအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုတိုးတက် စေလိုကြောင်း နှင့် ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများအား ရေရှည် အကူအညီ ပေးနိုင်မည့် အကြောင်းအရာများအား ဆွေးနွေး ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ယခုကဲ့သို့ ရေရှားပါးနေသည့် ကျေးရွာများကို လာရောက် လှူဒါန်းသည့်အတွက် ကျေးဇူးတင်ကြောင်း နှင့် ရေရှည်တွင် ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ယခု လှူဒါန်းမှုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္မဏီ ဖြစ်သည့် CNPC SEAP တို့ပူးပေါင်း စီစဉ်လှူဒါန်းခြင်း ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေရှားပါးမှု ကြုံတွေ့နေသည့် ကျေးရွာ ၁၀ ရွာသို့ သောက်ရေသန့်လီတာ စုစုပေါင်း ၆၃၀၀၀ အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။(Xinhua)