Connect with us

Videos

မောင်းသူမဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့

ကျင်းဟိုင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျင်းဟိုင်-တိဘက်ဒေသတွင် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစားများဖြစ်သည့် AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်၊ XM20 multi-rotor အမျိုးအစားမောင်းသူမဲ့ယာဉ်ပျံငယ် စသည့်ယာဉ်များကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် ကို ပင်လယ်ရေမျက်နှာမြင်အထက် အမြင့်ပေ ၄၃ဝဝ မီတာတွင် အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင် ခဲ့ကြောင်းသိရသည်။ ၎င်းမှာ လက်နက် တပ်ဆင်ပစ်လွှတ်နိုင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ထို့အပြင် XM20 multi-rotor အမျိုးအစားမောင်းသူမဲ့ယာဉ်ပျံငယ်ကိုလည်းစမ်းသပ်လွှတ်တင်ခဲ့ရာ ပင်လယ်ရေမျက်နှာမြင်အထက် အမြင့်ပေ ၄၆ဝဝ မီတာအထိအောင်မြင်စွာပျံသန်းမောင်းနှင်နိုင်ခဲ့သည်။ ၎င်းတို့ကို တန်ပြန်တိုက်စစ်ဆင်ခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ခြင်း၊ နယ်စပ်စောင့်ကြည့်ခြင်း၊ မိုးလေဝသတိုင်းတာခြင်းနှင့် မြေပြင်အခြေနေစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.